ကံညံ့လို့သာ တစ်ချက် မကောင်းထင်ခံထိတာ အကြွင်းမဲ့ ယုံတယ် ဆိုတဲ့ အဆိုတော် မေခလာ

Breaking News

နိုင်ငံကျော် တေးသံရှင်ကြီး မေခလာ ဟာဆိုရင် ပရိသတ်တွေ ချစ်ရတဲ့ ဝါရင့်အဆိုတော်တစ်ဦးပါ။ သူမရဲ့ သီချင်းလေးတွေကခုချိန်ထိ မရိုးနိုင်ပဲ ပရိသတ်တွေကြားမှာ ရေပန်းစားဆဲပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အဆိုတော် မေခလာ က လတ်တလော အနုပညာတလောကလုံးမှ အနုပညာရှင်များစိတ်မကောင်းဖြစ်နေကြတဲ့ အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးအမှုနဲ့ အဖမ်းခံထားရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပြောထားတာလေးကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

၇.၁၀. ၂၀၁၉ ရက်နေ့မှာ အဆိုတော် ဖြိုြးုပည့်စုံ အပါအဝင် အမျိုးသားသုံးဦးကို မူးယစ်တပ်ဖွဲ့က တရားလိုပြု တိုင်တန်းမှုကြောင့်ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံထားရတာပဲ ဖြစ်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံကို ဆေးပြားများဖြင့်တွေ့ရှိတယ်ဆိုတဲ့သတင်အပေါ် ဖြိုးပြည့်စုံက သူ့လက်ထဲမှာ ရှိတဲ့ ဆေးပြားတွေက မူးယစ်ဆေးဝါးများမဟုတ်ကြောင်းငြင်းဆိုထားတယ်လို့ သိရပါတယ်။

အဆိုတော် မေခလာ ကလည်း အဆိုတော် ဖြိုးပြည့်စုံ ဖမ်းဆီခံထားရတာနဲ့ ပတ်သက်ပြီး “စိတ်နှလုံးသားဖြူစင်သူ အေးချမ်းစွာနေတတ်သူကံညံ့လို့သာ တချက် မကောင်းထင်ခံထိ့တာအကြွင်းမဲ့ ယုံတယ်” လို့ ပြောထားပါတယ်။

အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီခံထားရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ အဆိုတော် မေခလာရဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *