ချောက်မြို့ရောက်တုန်း စိတ်၏ခြေရာဇာတ်လမ်းတွဲ က အဖွဲ့သားတွေကို ပြန်လွမ်းမိတယ်ဆိုတဲ့ စံမြန်းလေး

Cele News

ဝင့်ယမှုံနိုင်ဟာဆိုရင်ဖြင့် MRTV 4 မှာစတင်ပြသခဲ့တဲ့ အချစ်သင်္ကေတ ( The Sign of Love ) ဇာတ်လမ်းတွဲမှာ ဗီလိန်နေရာကနေ ပရိသတ်တွေစတင်သိရှိလာပြီး MRTV (4 ) ဇာတ်လမ်းတွဲ မင်းသမီးလေးလို့ လူသိများလာခဲ့တာသူတစ်ယောက်ပါ။ ထပ်မံပြီး”ကျွန်မက မဟေသီ ” ဇာတ်လမ်းတွဲမှာ ဗီလိန်မင်းသမီးလေးဆိုတဲ့ ဇာတ်ရုပ်ကို ပျောက်အောင်သရုပ်ဆောင်နိုင်ခဲ့ပြီး “စံမြန်း “ဆိုတဲ့ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ သနားအချစ်တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ သူလေးပဲ ဖြစ်ပြီး ပရိသတ်တွေကို နောက်ထပ်ဇာတ်လမ်းတွဲတွေ ချပြနိုင်ဖို့ကြိုးစားနေသူလေးလို့ ဆိုရမှာပါ။

ဇာတိကတော့ ထားဝယ်သူလေး ဖြစ်ပြီး စကားသံဝဲဝဲလေးနဲ့ ပရိသတ်တွေအချစ်ပိုစေတဲ့သူလေးပါ။ ရုပ်ရှင်ကားကြီးတွေအပြင် ကြော်ငြာတွေနဲ့ ပွဲတက်တွေမှာ ဆက်တိုက်ပါဝင်လာပြီး အောင်မြင်တဲ့ လမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီး ဖြစ်တဲ့ စံမြန်းလေးကတော့ လက်ရှိမှာ ခရီးတွေထွက် နေတာ ဖြစ်ပြီး ချောက်မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ချောက်မြို့ရောက်နေတုန်း သူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ရိုက်ကူးရေးအချိန်တွေကို ပြန်လွမ်းမိကြောင်းကိုလည်း ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။

ချောက်မြို့မှာ စိတ်၏ခြေရာဇာတ်လမ်းတွဲရိုက်တုန်းက တစ်လျှောက်လုံး ကိုယ့်အပေါ်လိုလေသေးမရှိ အစအဆုံးဂရုစိုက်ပေးခဲ့တဲ့ အန်တီ.အညာရောက်တော့ ဝင်နှုတ်ဆက်ရင်း သီတင်းကျွတ်ဂါရဝပြုခဲ့တယ်.ပျော်လိုက်တာ စိတ်၏ခြေရာရိုက်တုန်းက လူတွေအကုန်ပြန်လွမ်းသွားတယ် ” ဆိုကာ အဖွဲ့သားတွေကို ပြန်လွမ်းနေတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရော ချစ်စရာကောင်းတဲ့ စံမြန်းလေးရဲ့အရာရာကို အလေးထားတတ်တဲ့စိတ်လေးကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Wint Yamone Naing,CRD-CELE GABAR

Leave a Reply

Your email address will not be published. Required fields are marked *