ရန္ကုန္မွာ လက္နက္ကိုင္ေဆာင္သြားလာေနသူမ်ား

ပြည်တွင်းသတင်း မှုခင်းသတင်း

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ တုတ္၊ ဓား စသည့္လက္နက္မ်ား ကိုင္ေဆာင္ သြားလာေနသူမ်ားကို ဧၿပီ ၂ ရက္ေန႔က ဖမ္းဆီးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ရန္ကုန္တိုင္းရဲ တပ္ဖြဲ႕က ယေန႔ သတင္းထုတ္ျပန္သည္။

ရဲတပ္ဖြဲ႕သည္ တရားဥပေဒ စိုးမိုးေရးအတြက္ လွည့္ကင္းမ်ား ယမန္ေန႔က လုပ္ေဆာင္ရာတြင္ လႈိင္သာယာၿမိဳ႕နယ္၊ သဃ္န္းကြၽန္းၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ အင္းစိန္ၿမိဳ႕နယ္၊ ေမွာ္ဘီ၊ လွည္းကူး၊ ေ႐ႊျပည္သာႏွင့္ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း) ၿမိဳ႕နယ္မ်ားတြင္ လက္နက္ကိုင္ ေဆာင္ သြားလာေနသူမ်ားကို ဖမ္းမိခဲ့ေၾကာင္း၊ ဖမ္းမိသည့္ လက္နက္မ်ားမွာ ဓားရွည္၊ ဓားတို၊ ကိုင္းခုတ္ဓား၊ စေကဘာမ်ား ပါဝင္ေၾကာင္း သိရသည္။

ယမန္ေန႔က ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ၂၆ရပ္ကြက္၊ မိုးစႏၵာလမ္းမေပၚ၌ ဝင္းႏိုင္ဦး ဆိုသူထံမွ အ႐ိုးအသြား(၂၅)လက္မခန္႔ရွိ ငွက္ႀကီးေတာင္ဓား ၁ ေခ်ာင္းကိုလည္းေကာင္း၊ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားသည္ မင္းရာဇာလမ္းေပၚ၌ မင္းဆက္ဟန္ ဆိုသူထံမွ အ႐ိုအသြား(၁၀)လက္မခန္႔ရွိ ထိပ္ဦးခြၽန္ဓား ၁ ေခ်ာင္းကိုလည္းေကာင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

လွည္းကူးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားသည္ လွည္းကူးၿမိဳ႕နယ္အတြင္း၌ နႏၵထြန္း ဆိုသူထံမွ အ႐ိုးအသြား ၃၆ လက္မခန္႔ရွိ ကိုင္းခုတ္ဓား ၁ ေခ်ာင္း၊ အ႐ိုးအသြား ၂၀ လက္မခန္႔ရွိ မွိန္း ၁ ေခ်ာင္း၊ နန္းဝင္း ဆိုသူထံမွ အ႐ိုးအသြား(၈)လက္မခန္႔ရွိ စေကဘာ ၁ ေခ်ာင္းကိုလည္းေကာင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္း။

ထိုသို႔ ဖမ္းဆီးရမိမႈမ်ားကို သက္ဆိုင္ရာရဲစခန္းအသီးသီးတြင္ လက္နက္အက္ဥပေဒပုဒ္မ ၁၉(င)အရ အမႈဖြင့္ အေရးယူခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode)

ရန်ကုန်မှာ လက်နက်ကိုင်ဆောင်သွားလာနေသူများ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တုတ်၊ ဓား စသည့်လက်နက်များ ကိုင်ဆောင် သွားလာနေသူများကို ဧပြီ ၂ ရက်နေ့က ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ရဲတပ်ဖွဲ့သည် တရားဥပဒေ စိုးမိုးရေးအတွက် လှည့်ကင်းများ ယမန်နေ့က လုပ်ဆောင်ရာတွင် လှိုင်သာယာမြို့နယ်၊ သဃ်န်းကျွန်းမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အင်းစိန်မြို့နယ်၊ မှော်ဘီ၊ လှည်းကူး၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်များတွင် လက်နက်ကိုင် ဆောင် သွားလာနေသူများကို ဖမ်းမိခဲ့ကြောင်း၊ ဖမ်းမိသည့် လက်နက်များမှာ ဓားရှည်၊ ဓားတို၊ ကိုင်းခုတ်ဓား၊ စကေဘာများ ပါဝင်ကြောင်း သိရသည်။

ယမန်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၆ရပ်ကွက်၊ မိုးစန္ဒာလမ်းမပေါ်၌ ဝင်းနိုင်ဦး ဆိုသူထံမှ အရိုးအသွား(၂၅)လက်မခန့်ရှိ ငှက်ကြီးတောင်ဓား ၁ ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မင်းရာဇာလမ်းပေါ်၌ မင်းဆက်ဟန် ဆိုသူထံမှ အရိုအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား ၁ ချောင်းကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်အတွင်း၌ နန္ဒထွန်း ဆိုသူထံမှ အရိုးအသွား ၃၆ လက်မခန့်ရှိ ကိုင်းခုတ်ဓား ၁ ချောင်း၊ အရိုးအသွား ၂၀ လက်မခန့်ရှိ မှိန်း ၁ ချောင်း၊ နန်းဝင်း ဆိုသူထံမှ အရိုးအသွား(၈)လက်မခန့်ရှိ စကေဘာ ၁ ချောင်းကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်း။

ထိုသို့ ဖမ်းဆီးရမိမှုများကို သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

ဧရာဝတီ

0 Shares

Leave a Reply

Your email address will not be published. Required fields are marked *