နံပါတ္ ၄ လူနာ သုံးႀကိမ္ေျမာက္စစ္ရာတြင္ ပိုးမေတြ႕ေတာ့

Coronavirus COVID-19 ပြည်တွင်းသတင်း

မႏၲေလးၿမိဳ႕ရွိ ကန္ေတာ္နဒီေဆး႐ုံတြင္ သီးျခား ကုသေနသည့္ COVID-19 ကူးစက္ ေရာဂါပိုးရွိသူ နံပါတ္ ၄ လူနာအား သုံးႀကိမ္ေျမာက္အျဖစ္ မတ္၂ ရက္က ဓာတ္ခြဲ စစ္ေဆးရာတြင္ ပိုးမေတြ႕ (Negative) ရလဒ္ ထြက္ခဲ့ေၾကာင္း ကန္ေတာ္နဒီ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ခင္ေက်ာ္က ေျပာသည္။

ေဒါက္တာ ခင္ေက်ာ္က “သူ႔ကို သုံးႀကိမ္ေျမာက္ စစ္တာမွာ Negative ထြက္တာပါ။ တႀကိမ္ Negative ထြက္ၿပီး လူနာ တေယာက္က အနည္းဆုံး ၂ ႀကိမ္ ဆက္တိုက္ Negative ျဖစ္ဖို႔ လိုတယ္။ သူက က်န္းမာေရး အေျခအေန အားလုံး ေကာင္းပါတယ္။ ပုံမွန္အတိုင္း စစ္ေဆးကုသမႈေတြ လုပ္ေနတယ္။ ေဆး႐ုံ ဆင္းရမယ့္ အခ်က္အလက္ေတြ အကုန္ ညီ တယ္ဆိုရင္ ေဆး႐ုံ ေပးဆင္းလိုက္မွာပါ” ဟု ဧရာဝတီသို႔ ေျပာသည္။

COVID-19 ကူးစက္ ေရာဂါ ျဖစ္ပြားသူ တဦးအေနျဖင့္ ေရာဂါအေျခအေန သက္သာ ေကာင္းမြန္လာၿပီးေနာက္ ေဆး႐ုံမွ ဆင္းခြင့္ရရန္ ဓာတ္ခြဲ စစ္ေဆးမႈ ရလဒ္ အေျဖ ႏွစ္ႀကိမ္ ဆက္တိုက္ Negative ထြက္ရန္ လိုအပ္သည့္အျပင္ ၄၈ နာရီ အတြင္း ဖ်ားနာမႈ မရွိျခင္း၊ အဆုတ္၏ ဓာတ္မွန္ အေျဖအရ ေကာင္းမြန္ျခင္းႏွင့္ သာမန္ လူေကာင္းကဲ့သို႔ ေနထိုင္ႏိုင္ျခင္း စသည့္ အခ်က္မ်ား ျပည့္စုံမွသာ ေဆး႐ုံမွ ဆင္းခြင့္ ရွိႏိုင္မည္ ျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

ယင္း လူနာအမ်ိဳးသားအား ပထမႏွစ္ႀကိမ္ စစ္ေဆးမႈတြင္ Positive (ပိုးရွိ) ရလဒ္ထြက္ေပၚခဲ့ၿပီး တပတ္ခန႔္အတြင္း တတိယ အႀကိမ္ စစ္ေဆးရာ Negative (ပိုးမေတြ႕) ရလဒ္ ထြက္ေပၚခဲ့သည့္ အတြက္ စတုတၳအႀကိမ္ေျမာက္ စစ္ေဆးျခင္းအား ရက္ပိုင္း အတြင္း ထပ္မံျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။

လူနာအမွတ္ ၄ အမ်ိဳးသားသည္ အေမရိကန္ ႏိုင္ငံသား ခံယူထားသူ ျဖစ္ၿပီး အေမရိကန္ႏိုင္ငံမွ ထြက္ခြာလာကာ ဒိုဟာ ေလဆိပ္မွ တဆင့္ ရန္ကုန္ၿမိဳ႕သို႔ မတ္လ ၁၉ ရက္ ညေန ၆ နာရွိတြင္ ေရာက္ရွိလာခဲ့ကာ မတ္လ ၂၀ ရက္ တရက္အား ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ တည္းခိုေနထိုင္ခဲ့သည္။

ယင္းေနာက္ ေတာင္ဥကၠလာပၿမိဳ႕နယ္မွ မတ္ ၂၀ ရက္ ည ၁၀ နာရီတြင္ ခိုင္မႏၲေလး ယာဥ္လိုင္းျဖင့္ မႏၲေလးသို႔ သြားခဲ့ၿပီး ၎ေနထိုင္ရာ ေနအိမ္သို႔ ကားဂိတ္မွ မီနီအိုးေဝယာဥ္ျဖင့္ သြားေရာက္ခဲ့ျခင္း ျဖစ္သည္။

၎အေနျဖင့္ ေနအိမ္ေရာက္ရွိၿပီးေနာက္ မတ္လ ၂၂ ရက္တြင္ စတင္ ဖ်ားနာခဲ့ၿပီး မတ္လ၂၅ ရက္တြင္ မႏၲေလးျပည္သူ႔ ေဆး႐ုံးႀကီး သြားေရာက္ ျပသရာမွ ေစာင့္ၾကည့္လူနာအျဖစ္ ကန္ေတာ္နဒီ ေဆး႐ုံသို႔ ထပ္မံလႊဲေျပာင္း ကုသခဲ့ၿပီး မတ္လ ၂၆ ရက္၌ COVID-19 ကူးစက္ေရာဂါ ျဖစ္ပြားခဲ့ေၾကာင္း အတည္ျပဳ ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ COVID-19 ကူးစက္ေရာဂါ ျဖစ္ပြားသူ ၂၀ ဦး အထိ ေတြ႕ရွိထားၿပီး ႏွာေခါင္းကင္ဆာေရာဂါျဖင့္ ဩစေတးလ်ႏိုင္ငံတြင္ ေဆးကုသမႈ ခံယူကာ စကၤာပူႏိုင္ငံ၌ ေခတၱေနထိုင္ကာ ျမန္မာႏိုင္ငံသို႔ ျပန္လာခဲ့သည့္ မဂၤလာ ေတာင္ၫြန႔္ ၿမိဳ႕နယ္မွ အမွတ္ ၅ လူနာမွာ မတ္လ ၂၅ ရက္တြင္ ေဆး႐ုံ စတင္တက္ေရာက္ခဲ့ၿပီး မတ္လ ၃၁ ရက္ မနက္ ပိုင္းက ကြယ္လြန္ခဲ့ၿပီ ျဖစ္သည္။

ယင္းေသဆုံးမႈႏွင့္ ပတ္သက္ၿပီး ျပင္းထန္ အသက္ရႉလမ္းေၾကာင္း ပိုဝင္း၍ ေသြးဆိပ္တက္ျခင္း၊ COVID-19 ေၾကာင့္ ျဖစ္ ပြားေသာ ျပင္းထန္ အဆုတ္ေရာင္ေရာဂါႏွင့္ ႏွာေခါင္း ကင္ဆာေရာဂါအား ဓာတ္ေရာင္ျခည္ျဖင့္ ေဆးကုသမႈခံယူေနျခင္း တို႔ေၾကာင့္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာနက ရွင္းလင္း ထုတ္ျပန္ခဲ့သည္။

က်န္ရွိသည့္ COVID-19 ေရာဂါ ကူးစက္ခံထားရသူ ၁၉ ဦးထဲမွ တီးတိန္ ေဆး႐ုံမွ ၁ ဦး၊ ကန္ေတာ္နဒီ ေဆး႐ုံမွ ၁ ဦး၊ ေန ျပည္ေတာ္ ခုတင္ ၁၀၀၀ ေဆး႐ုံမွ ၁ ဦး၊ လားရႈိး ျပည္သူ႔ ေဆး႐ုံ (ေက်ာက္မဲမွ လႊဲေျပာင္းလူနာ)မွ ၁ ဦး၊ ေဝဘာဂီ အထူး ကု ေဆး႐ုံမွ ၉ ဦးႏွင့္ သတ္မွတ္ေဆး႐ုံတြင္ ကုသမႈခံယူရန္ ျပင္ဆင္ေနသူ ၄ ဦးတို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္ လ်က္ရွိၿပီး ေဝဘာဂီ အထူးကုေဆး႐ုံ၏ လူနာ ၂ ဦးအား အထူးၾကပ္မတ္ခန္းတြင္ သီးျခားေစာင့္ၾကည့္ ကုသလ်က္ ရွိ ေၾကာင္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက မတ္လ၂ ရက္ည၌ ထုတ္ျပန္ထားသည္။

(Unicode)

နံပါတ် ၄ လူနာ သုံးကြိမ်မြောက်စစ်ရာတွင် ပိုးမတွေ့တော့

မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးခြား ကုသနေသည့် COVID-19 ကူးစက် ရောဂါပိုးရှိသူ နံပါတ် ၄ လူနာအား သုံးကြိမ်မြောက်အဖြစ် မတ်၂ ရက်က ဓာတ်ခွဲ စစ်ဆေးရာတွင် ပိုးမတွေ့ (Negative) ရလဒ် ထွက်ခဲ့ကြောင်း ကန်တော်နဒီ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။

ဒေါက်တာ ခင်ကျော်က “သူ့ကို သုံးကြိမ်မြောက် စစ်တာမှာ Negative ထွက်တာပါ။ တကြိမ် Negative ထွက်ပြီး လူနာ တယောက်က အနည်းဆုံး ၂ ကြိမ် ဆက်တိုက် Negative ဖြစ်ဖို့ လိုတယ်။ သူက ကျန်းမာရေး အခြေအနေ အားလုံး ကောင်းပါတယ်။ ပုံမှန်အတိုင်း စစ်ဆေးကုသမှုတွေ လုပ်နေတယ်။ ဆေးရုံ ဆင်းရမယ့် အချက်အလက်တွေ အကုန် ညီ တယ်ဆိုရင် ဆေးရုံ ပေးဆင်းလိုက်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

COVID-19 ကူးစက် ရောဂါ ဖြစ်ပွားသူ တဦးအနေဖြင့် ရောဂါအခြေအနေ သက်သာ ကောင်းမွန်လာပြီးနောက် ဆေးရုံမှ ဆင်းခွင့်ရရန် ဓာတ်ခွဲ စစ်ဆေးမှု ရလဒ် အဖြေ နှစ်ကြိမ် ဆက်တိုက် Negative ထွက်ရန် လိုအပ်သည့်အပြင် ၄၈ နာရီ အတွင်း ဖျားနာမှု မရှိခြင်း၊ အဆုတ်၏ ဓာတ်မှန် အဖြေအရ ကောင်းမွန်ခြင်းနှင့် သာမန် လူကောင်းကဲ့သို့ နေထိုင်နိုင်ခြင်း စသည့် အချက်များ ပြည့်စုံမှသာ ဆေးရုံမှ ဆင်းခွင့် ရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်း လူနာအမျိုးသားအား ပထမနှစ်ကြိမ် စစ်ဆေးမှုတွင် Positive (ပိုးရှိ) ရလဒ်ထွက်ပေါ်ခဲ့ပြီး တပတ်ခန့်အတွင်း တတိယ အကြိမ် စစ်ဆေးရာ Negative (ပိုးမတွေ့) ရလဒ် ထွက်ပေါ်ခဲ့သည့် အတွက် စတုတ္ထအကြိမ်မြောက် စစ်ဆေးခြင်းအား ရက်ပိုင်း အတွင်း ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

လူနာအမှတ် ၄ အမျိုးသားသည် အမေရိကန် နိုင်ငံသား ခံယူထားသူ ဖြစ်ပြီး အမေရိကန်နိုင်ငံမှ ထွက်ခွာလာကာ ဒိုဟာ လေဆိပ်မှ တဆင့် ရန်ကုန်မြို့သို့ မတ်လ ၁၉ ရက် ညနေ ၆ နာရှိတွင် ရောက်ရှိလာခဲ့ကာ မတ်လ ၂၀ ရက် တရက်အား ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် တည်းခိုနေထိုင်ခဲ့သည်။

ယင်းနောက် တောင်ဥက္ကလာပမြို့နယ်မှ မတ် ၂၀ ရက် ည ၁၀ နာရီတွင် ခိုင်မန္တလေး ယာဉ်လိုင်းဖြင့် မန္တလေးသို့ သွားခဲ့ပြီး ၎င်းနေထိုင်ရာ နေအိမ်သို့ ကားဂိတ်မှ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

၎င်းအနေဖြင့် နေအိမ်ရောက်ရှိပြီးနောက် မတ်လ ၂၂ ရက်တွင် စတင် ဖျားနာခဲ့ပြီး မတ်လ၂၅ ရက်တွင် မန္တလေးပြည်သူ့ ဆေးရုံးကြီး သွားရောက် ပြသရာမှ စောင့်ကြည့်လူနာအဖြစ် ကန်တော်နဒီ ဆေးရုံသို့ ထပ်မံလွှဲပြောင်း ကုသခဲ့ပြီး မတ်လ ၂၆ ရက်၌ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အတည်ပြု တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားသူ ၂၀ ဦး အထိ တွေ့ရှိထားပြီး နှာခေါင်းကင်ဆာရောဂါဖြင့် ဩစတေးလျနိုင်ငံတွင် ဆေးကုသမှု ခံယူကာ စင်္ကာပူနိုင်ငံ၌ ခေတ္တနေထိုင်ကာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည့် မင်္ဂလာ တောင်ညွန့် မြို့နယ်မှ အမှတ် ၅ လူနာမှာ မတ်လ ၂၅ ရက်တွင် ဆေးရုံ စတင်တက်ရောက်ခဲ့ပြီး မတ်လ ၃၁ ရက် မနက် ပိုင်းက ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

ယင်းသေဆုံးမှုနှင့် ပတ်သက်ပြီး ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုဝင်း၍ သွေးဆိပ်တက်ခြင်း၊ COVID-19 ကြောင့် ဖြစ် ပွားသော ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် နှာခေါင်း ကင်ဆာရောဂါအား ဓာတ်ရောင်ခြည်ဖြင့် ဆေးကုသမှုခံယူနေခြင်း တို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ရှင်းလင်း ထုတ်ပြန်ခဲ့သည်။

ကျန်ရှိသည့် COVID-19 ရောဂါ ကူးစက်ခံထားရသူ ၁၉ ဦးထဲမှ တီးတိန် ဆေးရုံမှ ၁ ဦး၊ ကန်တော်နဒီ ဆေးရုံမှ ၁ ဦး၊ နေ ပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှ ၁ ဦး၊ လားရှိုး ပြည်သူ့ ဆေးရုံ (ကျောက်မဲမှ လွှဲပြောင်းလူနာ)မှ ၁ ဦး၊ ဝေဘာဂီ အထူး ကု ဆေးရုံမှ ၉ ဦးနှင့် သတ်မှတ်ဆေးရုံတွင် ကုသမှုခံယူရန် ပြင်ဆင်နေသူ ၄ ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ် လျက်ရှိပြီး ဝေဘာဂီ အထူးကုဆေးရုံ၏ လူနာ ၂ ဦးအား အထူးကြပ်မတ်ခန်းတွင် သီးခြားစောင့်ကြည့် ကုသလျက် ရှိ ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မတ်လ၂ ရက်ည၌ ထုတ်ပြန်ထားသည်။

ဒီလှိုင်းဝင်း

ဧရာဝတီ

0 Shares

Leave a Reply

Your email address will not be published. Required fields are marked *