တာခ်ီလိတ္တြင္ တ႐ုတ္ႏိုင္ငံသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံး

ပြည်တွင်းသတင်း မှုခင်းသတင်း

ထိုင္း-ျမန္မာနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ ဝမ္လုံးေက်း႐ြာ ကုမၸဏီၿခံဝန္းတစ္ခုရွိ ေနအိမ္ထဲတြင္ ဧၿပီလ ၂ ရက္ နံနက္ ၄ နာရီခန္႔က တ႐ုတ္ႏိုင္ငံသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးခဲ့ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးထံမွ သိရသည္။

“ေရခ်ိဳးခန္းနဲ႔တြဲထားတဲ့ အခန္းထဲက ထုတ္တန္းမွာ လွ်ပ္စစ္ဝါယာႀကိဳးနဲ႔ ႀကိဳးဆြဲခ်ေသဆုံးခဲ့တာလို႔ သိရတယ္”ဟု က်ိဳင္းတုံၿမိဳ႕ ျပည္နယ္ဒုတိယ ရဲတပ္ဖြဲ႕မႉး႐ုံးမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

တ႐ုတ္ႏိုင္ငံသား Mr.Li Chun(၄၄ ႏွစ္) ႀကိဳးဆြဲခ်ေသဆုံးမႈကို ေသမႈေသခင္းအမွတ္စဥ္(၄/၂၀၂၀)ေရးဖြင့္ကာ ဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္မဟုတ္သိရွိရန္ စစ္ေဆးေနေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းထံမွ သိရသည္။

(Unicode)

တာချီလိတ်တွင် တရုတ်နိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံး

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာ ကုမ္ပဏီခြံဝန်းတစ်ခုရှိ နေအိမ်ထဲတွင် ဧပြီလ ၂ ရက် နံနက် ၄ နာရီခန့်က တရုတ်နိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ရေချိုးခန်းနဲ့တွဲထားတဲ့ အခန်းထဲက ထုတ်တန်းမှာ လျှပ်စစ်ဝါယာကြိုးနဲ့ ကြိုးဆွဲချသေဆုံးခဲ့တာလို့ သိရတယ်”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံသား Mr.Li Chun(၄၄ နှစ်) ကြိုးဆွဲချသေဆုံးမှုကို သေမှုသေခင်းအမှတ်စဉ်(၄/၂၀၂၀)ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်သိရှိရန် စစ်ဆေးနေကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

The Voice

0 Shares

Leave a Reply

Your email address will not be published. Required fields are marked *