ေဆးလိပ္ေသာက္သူမ်ား ကိုဗစ္-၁၉လကၡဏာ (၁၄)ဆအထိ ပိုမိုျပင္းထန္ႏိုင္ဟုဆို

Coronavirus COVID-19 ကျန်းမာရေး

ကိုဗစ္-၁၉ေရာဂါကူးစက္ခံရပါက ေဆးလိပ္ေသာက္ထားတဲ့ အခံရွိသူ လူနာေတြဟာ သာမန္ေရာဂါကူးစက္ခံရသူေတြထက္ (၁၄)ဆအထိ ေရာဂါလကၡဏာ ပိုၿပီးျပင္းထန္းႏိုင္ေၾကာင္း Metro သတင္းဌာနက ‘အဂၤလန္ျပည္သူက်န္းမာေရးအဖြဲ႕’ရဲ႕ စစ္တမ္းကို ကိုးကားၿပီး ေဖာ္ျပထားပါတယ္။

တ႐ုတ္ႏိုင္ငံက ေဆးဘက္သုေတသနပညာရွင္ေတြရဲ႕အဆိုအရလည္း ေဆးလိပ္ေသာက္တဲ့အခံရွိခဲ့သူ ကိုဗစ္လူနာေတြဟာ ေရာဂါလကၡဏာ သူမ်ားထက္ ဆိုးဆိုး႐ြား႐ြား ပိုၿပီးျပင္းထန္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ Public Health England မွ ပညာရွင္ေတြကလည္း ဒီအခ်က္ကို ေထာက္ခံခဲ့ပါတယ္။

Public Health England ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ” ေဆးလိပ္ေသာက္တယ္ဆိုတာ အဓိကအားျဖင့္ အဆုပ္နဲ႔ ေလလမ္းေၾကာင္းကို တိုက္ခိုက္တယ္ ဆိုး႐ြားစြာ ပ်က္စီးေစတယ္ဆိုတာ အားလုံး လက္ခံၾကပါလိမ့္မယ္ … ျပင္းထန္တဲ့ အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါကို ျဖစ္ေစတာပါ “လို႔ ေျပာခဲ့ပါတယ္။

” အခု ကိုဗစ္ကလည္း အားလုံးသိတဲ့အတိုင္း အသက္ရႈလမ္းေၾကာင္းဆိုင္ရာ အဖြဲ႕အစည္းကိုပဲ အဓိက တိုက္ခိုက္တာျဖစ္တဲ့အတြက္ ေဆးလိပ္သမားေတြအေနနဲ႔ ဒီေရာဂါျဖစ္တဲ့အခါ ပိုၿပီးျပင္းထန္မယ္ဆိုတာ ျမင္သာေစပါတယ္ … တ႐ုတ္မွာ ျပဳလုပ္တဲ့ ေသးငယ္ေပးမယ့္ ထိေရာက္တဲ့-

စစ္တမ္းမွာေတာ့ ေဆးလိပ္သမားဟာ ကိုဗစ္ခံရၿပီဆိုရင္ (၁၄)ဆအထိ ပိုျပင္းထန္ပါတယ္တဲ့”လို႔ ေျပာခဲ့ပါတယ္။ ေနာက္ထပ္ ဝမ္းနည္းစရာေကာင္းတဲ့ အခ်က္ကေလးကေတာ့ ေဆးလိပ္သမားေတြဟာ ေရာဂါပိုးကူးစက္ခံရဖို႔ကိုလည္း တစ္ျခားသူထက္ အခြင့္အလမ္းပိုမ်ားပါတယ္တဲ့။

အဂၤလန္လူထုအေျချပဳက်န္းမာေရးအဖြဲ႕မွ က်န္းမာေရးတိုးတက္မႈဒါ႐ိုက္တာအျဖစ္ တာဝန္းထမ္းေဆာင္ေနတဲ့ ပါေမာကၡ John Newton က ကိုဗစ္အေရးအခင္းေၾကာင့္ ေဆးလိပ္သမားေတြအေနနဲ႔ ေဆးလိပ္ျဖတ္ေစဖို႔ တြန္းအားတစ္ရပ္ျဖစ္ေၾကာင္း၊ ဒီထက္ဆိုး႐ြားတဲ့ အေျခအေနကို မႀကဳံခင္ ေဆးလိပ္ျဖတ္ဖို႔ တိုက္တြန္းခဲ့ပါတယ္။

လင္းေဇာ္ကို (D Nae Khit)

(Unicode)

ဆေးလိပ်သောက်သူများ ကိုဗစ်-၁၉လက္ခဏာ (၁၄)ဆအထိ ပိုမိုပြင်းထန်နိုင်ဟုဆို

ကိုဗစ်-၁၉ရောဂါကူးစက်ခံရပါက ဆေးလိပ်သောက်ထားတဲ့ အခံရှိသူ လူနာတွေဟာ သာမန်ရောဂါကူးစက်ခံရသူတွေထက် (၁၄)ဆအထိ ရောဂါလက္ခဏာ ပိုပြီးပြင်းထန်းနိုင်ကြောင်း Metro သတင်းဌာနက ‘အင်္ဂလန်ပြည်သူကျန်းမာရေးအဖွဲ့’ရဲ့ စစ်တမ်းကို ကိုးကားပြီး ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံက ဆေးဘက်သုတေသနပညာရှင်တွေရဲ့အဆိုအရလည်း ဆေးလိပ်သောက်တဲ့အခံရှိခဲ့သူ ကိုဗစ်လူနာတွေဟာ ရောဂါလက္ခဏာ သူများထက် ဆိုးဆိုးရွားရွား ပိုပြီးပြင်းထန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ Public Health England မှ ပညာရှင်တွေကလည်း ဒီအချက်ကို ထောက်ခံခဲ့ပါတယ်။

Public Health England ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ” ဆေးလိပ်သောက်တယ်ဆိုတာ အဓိကအားဖြင့် အဆုပ်နဲ့ လေလမ်းကြောင်းကို တိုက်ခိုက်တယ် ဆိုးရွားစွာ ပျက်စီးစေတယ်ဆိုတာ အားလုံး လက်ခံကြပါလိမ့်မယ် … ပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကို ဖြစ်စေတာပါ “လို့ ပြောခဲ့ပါတယ်။

” အခု ကိုဗစ်ကလည်း အားလုံးသိတဲ့အတိုင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ အဖွဲ့အစည်းကိုပဲ အဓိက တိုက်ခိုက်တာဖြစ်တဲ့အတွက် ဆေးလိပ်သမားတွေအနေနဲ့ ဒီရောဂါဖြစ်တဲ့အခါ ပိုပြီးပြင်းထန်မယ်ဆိုတာ မြင်သာစေပါတယ် … တရုတ်မှာ ပြုလုပ်တဲ့ သေးငယ်ပေးမယ့် ထိရောက်တဲ့-

စစ်တမ်းမှာတော့ ဆေးလိပ်သမားဟာ ကိုဗစ်ခံရပြီဆိုရင် (၁၄)ဆအထိ ပိုပြင်းထန်ပါတယ်တဲ့”လို့ ပြောခဲ့ပါတယ်။ နောက်ထပ် ဝမ်းနည်းစရာကောင်းတဲ့ အချက်ကလေးကတော့ ဆေးလိပ်သမားတွေဟာ ရောဂါပိုးကူးစက်ခံရဖို့ကိုလည်း တစ်ခြားသူထက် အခွင့်အလမ်းပိုများပါတယ်တဲ့။

အင်္ဂလန်လူထုအခြေပြုကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးတိုးတက်မှုဒါရိုက်တာအဖြစ် တာဝန်းထမ်းဆောင်နေတဲ့ ပါမောက္ခ John Newton က ကိုဗစ်အရေးအခင်းကြောင့် ဆေးလိပ်သမားတွေအနေနဲ့ ဆေးလိပ်ဖြတ်စေဖို့ တွန်းအားတစ်ရပ်ဖြစ်ကြောင်း၊ ဒီထက်ဆိုးရွားတဲ့ အခြေအနေကို မကြုံခင် ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

လင်းဇော်ကို (D Nae Khit)

0 Shares

Leave a Reply

Your email address will not be published. Required fields are marked *