ေရွ႕တန္းထြက္တိုက္ေနတဲ့ သူရဲေကာင္းအစစ္မ်ား

Coronavirus COVID-19 ဆောင်းပါး

ထိသည္။ ယခုျဖစ္ေနေသာကိစၥသည္ လူမ်ားစြာကို၊ နယ္ပယ္စံုကိုထိသည္။ ၿပီးခဲ့သည့္ရက္ပိုင္းက မေရာက္တာၾကာၿပီျဖစ္သည့္ ဂ်ာနယ္တိုက္သို႔ ေရာက္သည္။ ဂ်ာနယ္၏အယ္ဒီတာခ်ဳပ္သည္ အျပင္မွျပန္လာၿပီး ညည္းတြားေနသည္။

”လက္ဖက္ရည္ဆိုင္ေတြပိတ္လိုက္ၿပီး ပါဆယ္ပဲေရာင္းၾကရေတာ့ လက္ဖက္ရည္ဆိုင္ေတြနဲ႔တြဲၿပီး ေစ်းဗန္းခင္းေရာင္းတဲ့ဂ်ာနယ္ဆိုင္ေတြလည္း ပိတ္ကုန္ၾကရတယ္။ အဲဒါေၾကာင့္ ဂ်ာနယ္အေရာင္းအဝယ္၊ သတင္းစာအေရာင္းအဝယ္ေတြ ေတာ္ေတာ္ထိခိုက္ကုန္တယ္လို႔ ျဖန္႔ခ်ိေရးကိုယ္စားလွယ္ေတြဆီက သတင္းရခဲ့တယ္ ကိုသရဝဏ္ေရ”ဟု ေျပာပါသည္။ ထိုသို႔ဆိုလွ်င္ ပိတ္ဆို႔မႈ ၾကာရွည္လာသည္ႏွင့္အမွ် စာနယ္ဇင္းေလာက၏ ရပ္တည္ေရး မေရရာေသာ အေျခသို႔ဆိုက္လာႏိုင္ပါသည္။ ေလာေလာဆယ္ ကိုဗစ္ ၁၉ ေရာဂါမျဖစ္မီကပင္လွ်င္ ပံုႏွိပ္မီဒီယာသည္ တရွိန္ထိုး ေရွ႕တန္းေရာက္လာေသာ အြန္လိုင္းမီဒီယာ၏ ထိုးႏွက္မႈကို အလူးအလဲခံေနရခ်ိန္ ျဖစ္ပါသည္။ ပံုႏွိပ္မီဒီယာသည္ လုပ္ငန္းသေဘာသဘာဝအရ သတင္းထူးမႈသတင္းဦးမႈတြင္ အြန္လိုင္းေပၚမွ သတင္းမ်ားကို ဘယ္လိုမွမယွဥ္ႏိုင္။ ေန႔စဥ္ထုတ္ သတင္းစာမ်ားသည္ပင္လွ်င္ အြန္လိုင္းေပၚမွေနာက္ဆံုးသတင္းမ်ားထက္ ၁၂ နာရီခန္႔ အၿမဲေနာက္က် ေနၾကရသည္။

ပံုႏွိပ္မီဒီယာ၏ အားသာခ်က္ကေတာ့ သတင္းတုလား၊ သတင္းအစစ္လားဆိုတာကို ခ်င့္ခ်ိန္တိုင္းထြာၿပီးမွ အသံုးျပဳၾကသည္။ သတင္းထက္သတင္းသံုးသပ္ခ်က္ ေဆာင္းပါးမ်ား၊ အေတြးအျမင္ ေဆာင္းပါးမ်ား၊ အင္တာဗ်ဴးမ်ားကိုထည့္သြင္း၍ စာဖတ္ပရိသတ္ကို ဖမ္းစားၾကသည္။ စာေစာင္ေရာင္းခ်ရာ မွရေသာဝင္ေငြအျပင္ ေၾကာ္ျငာထည့္သူမ်ားထံမွ ရေသာဝင္ေငြကိုလည္း အားထားၾကရသည္။ သို႔ေသာ္ အစိုးရက ျပည္သူ႔ဘ႑ာျဖင့္ ထုတ္ေဝေနေသာ ႏိုင္ငံပိုင္ ျမန္မာ့အလင္းႏွင့္ ေၾကးမံုသတင္းစာမ်ားက ေၾကာ္ျငာအေတာ္မ်ားမ်ားကို လက္ဝါးႀကီးအုပ္ထားေသးသည္။ ထိုမွ ပို၍လွ်ံ၍က်လာေသာ ေၾကာ္ျငာမ်ားကိုမွ သတင္းစာေပါင္းမ်ားစြာ၊ ဂ်ာနယ္ေပါင္းမ်ားစြာက ဆင့္ပါးစပ္ႏွမ္းပက္သလို အလုအယက္ မွ်ေဝယူ ၾကရျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ကိုဗစ္ ၁၉ ေရာဂါေၾကာင့္ထိခိုက္နစ္နာသူမ်ားကို ကုစားသည့္အေနျဖင့္ ဘ႑ာေရးအကူအညီေပးရာတြင္ ကုမၸဏီမ်ား၊ အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ားကိုသာမက ႏိုင္ငံ၏ စတုတၴမ႑ိဳင္ျဖစ္ေသာ သတင္းစာ၊ ဂ်ာနယ္တိုက္မ်ားကိုလည္း ဘ႑ာေရးေထာက္ပံ့မႈ ေပးသင့္ေလသည္။
အားကစားသတင္းတပုဒ္တြင္ဖတ္ရသည္မွာ စပိန္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ေဘာလံုး ပြဲမ်ားရပ္နားထားရသည့္အတြက္ ဘ႑ာေရးဝင္ေငြ အျပင္းအထန္ ထိခိုက္နစ္နာေနေသာ ဘာစီလိုနာ ေဘာလံုးအသင္းမွ ကမၻာေက်ာ္ေဘာလံုးသမားမက္ဆီႏွင့္အသင္းေဖာ္မ်ားက ခါတိုင္းရေနက် လုပ္ခလစာထက္ ၇ဝ ရာခိုင္ႏႈန္း ေလွ်ာ့ယူေပးသည့္သတင္းျဖစ္သည္။ ကြၽန္ေတာ္တို႔စာေရးဆရာေတြကလည္း ထိုသို႔ ေလွ်ာ့ယူေသာ္ေကာင္းမည္လားဟု ေတြးမိပါသည္။ သို႔ေသာ္ ေဘာလံုးအေက်ာ္အေမာ္ မက္ဆီရေနေသာ လုပ္ခလစာမွာ ရက္သတၲတပတ္လွ်င္ ေပါင္ငါးသိန္း ( ၆၁၉,၂ဝ၅ ေဒၚလာ)ျဖစ္၍ ၇ဝ ရာခိုင္ႏႈန္းေစ်းေလွ်ာ့ ၿပီးယူလွ်င္ပင္ တပတ္ကို ေပါင္တသိန္းခြဲ (၁၈၅,၇၆ဝ ေဒၚလာ)ရရွိဦးမည္ျဖစ္သည္။ ကြၽႏ္ုပ္တို႔ စာေရးဆရာ မ်ား၏ ေဆာင္းပါးစာမူခမွာ မက္ဆီေလွ်ာ့ယူၿပီးသား ေဒၚလာ တသိန္းရွစ္ေသာင္းငါးေထာင္ခုနစ္ရာေျခာက္ ဆယ္၏ အစြန္းထြက္ ေဒၚလာ ၆ဝ ပင္မရွိရာ ေစာင့္ၾကည့္ဂ်ာနယ္တိုက္အား ကူညီလိုေသာ္လည္း မစြမ္းသာေပ။ ေနာင္ဘဝတြင္ ေဘာလံုးသမားအျဖစ္ အာဂ်င္တီးနားႏိုင္ငံ၊ ဘရာဇီးႏိုင္ငံ၊ ေပၚတူဂီႏိုင္ငံ၊ အဂၤလန္ ႏိုင္ငံ၊ စပိန္ႏိုင္ငံတို႔တြင္ လူျဖစ္ဖို႔ ဆုေတာင္းရမလို ျဖစ္ေနေပသည္။ သို႔ေသာ္ ကြၽႏ္ုပ္ကား အားမေလွ်ာ့ ျမန္မာ့အားကစားကမၻာကိုလႊမ္းရမည္ဟု (လႊမ္းတာ မလႊမ္းတာအပထား) ဗိုလ္ခ်ဳပ္ခင္ၫြန္႔ေၾကြးေၾကာ္သံ ထုတ္ခဲ့သလို ျမန္မာ့စာေပကမၻာကို လႊမ္းေသာေခတ္သို႔ေရာက္ခဲ့ပါမူကား ျမန္မာႏိုင္ငံ၏ေရးသားထုတ္ေဝ ျဖန္႔ခ်ိေသာလုပ္ငန္းႀကီးတြင္ ပါဝင္သူအားလံုး ကိုယ္ ပိုင္ဂ်က္ေလယာဥ္၊ ကိုယ္ပိုင္လံုၿခံဳေရးအေစာင့္၊ ကိုယ္ ပိုင္ရဟတ္ယာဥ္မ်ားျဖင့္ သြားလာေနထိုင္ပါလိမ့္မည္ တမံု႔။ ယခုေလာေလာဆယ္ေတာ့ YBS ႏွင့္တကၠစီ တလွည့္စီ အဆင္ေျပသလို ခ်ီတက္ေနရေပ၏ (ဤ ကားစကားခ်ပ္)။

ယခုျဖစ္ရပ္မ်ားကို ႀကံဳရေသာအခါ ၾကည့္ခဲ့ဖူးေသာ ႐ုပ္ရွင္မ်ားကို သတိရမိ၏။ အႏုပညာလက္ရာဝတၴဳမ်ား၊ စိတ္ကူးယဥ္႐ုပ္ရွင္တို႔သည္ ျဖစ္လတၲံ႕ေသာ ကာလမ်ားကို ႀကိဳတင္နိမိတ္ျပေနသလိုရွိတတ္၏။ Train to Busan ဆိုေသာ ႐ုပ္ရွင္၊ Residence Evil ဆိုေသာ ႐ုပ္ရွင္၊ ဘရက္ပစ္ပါဝင္ေသာ World War Z ဆိုေသာ ႐ုပ္ရွင္မ်ား၊ Zombie ဆိုေသာ ႐ုပ္ရွင္မ်ားမွာ ကပ္ေရာဂါေၾကာင့္ ကမၻာပ်က္ရပံုကို သာသာထိုးထိုး ဇာတ္နာေအာင္႐ိုက္ျပထားေသာ ဇာတ္ကားမ်ားျဖစ္သည္။ ၂ဝ၁၆ ခုက ထြက္လာခဲ့ေသာ ဘူဆန္သို႔ရထား (Train to Busan) ကိုရီးယား႐ုပ္ရွင္ကေတာ့ ကမၻာေက်ာ္သြားသည္။ ေတာင္ကိုရီးယားႏုိင္ငံကို အေျခခံ႐ိုက္ကူးထားေသာ ထိတ္လန္႔သည္းဖိုဇာတ္ကား ျဖစ္သည္။ အလြန္အလုပ္မ်ားၿပီး သမီးေလးအတြက္ အခ်ိန္မေပးႏိုင္ေလာက္ေအာင္ျဖစ္ေနေသာ ဖခင္ျဖစ္သူ (Sok-woo) သည္ ထိုေန႔က သမီးေလး ျဖစ္သူ (Soo-ahn) ျဖစ္သူအား သူ၏ဇနီးေဟာင္းျဖစ္ သူ(ကေလး၏မိခင္) ျဖစ္သူထံသို႔ လိုက္ပို႔ရန္ ဆိုးလ္ၿမိဳ႕မွ ဘူဆန္ၿမိဳ႕သို႔ ရထားျဖင့္ထြက္လာသည္။ ရထားထြက္ခါနီးတြင္ ေနမေကာင္းေသာ အမ်ဳိးသမီးငယ္ တေယာက္ရထားေပၚသို႔ ေျပးတက္လာသည္။ သူ႕ကို ဘယ္သူမွသတိမထားမိ။ သို႔ေသာ္ မၾကာမီတြင္ ထိုေန မေကာင္းေသာမိန္းကေလးသည္ ဗိုင္းရပ္စ္တမ်ဳိးကူးစက္ခံရမႈေၾကာင့္ ေသြးစုပ္ဖုတ္ေကာင္အျဖစ္ ေျပာင္း လဲသြားသည္။ ေတာင္ကိုရီးယားတႏိုင္ငံလံုး ထိုဗိုင္းရပ္စ္ပိုးပ်ံ႕ႏွံ႔သြားကာ အားလံုး ကေသာင္းကနင္းျဖစ္ ကုန္သည္။ လမ္းေပၚမွ လူအမ်ားစု ေရာဂါကူးစက္ခံရကာ ဖုတ္ေကာင္ေတြျဖစ္ကုန္သည္။ ထိုအခါ ရထားကို ဘူတာ႐ံုတြင္မရပ္ေတာ့ဘဲ ဘူဆန္းသို႔ ဆက္သြားၾကသည္။ သို႔ေသာ္ အေရွ႕ေဒဂူးဘူတာ႐ံုတြင္ ရထား လမ္းပိတ္ေနသျဖင့္ အျခားရထားကိုရွာၿပီး စီးရသည္။ ရထားေပၚရွိ လူေကာင္းမ်ား တေယာက္ၿပီးတေယာက္ ဖုတ္ေကာင္မ်ားတိုက္ခိုက္ခံရကာ ဗိုင္းရပ္စ္ကူးစက္ၿပီး အသြင္ေျပာင္းကုန္သည္။ ေနာက္ဆံုးတြင္ ကေလး မေလးဆိုအန္းႏွင့္ ကိုယ္ဝန္ေဆာင္သည္ အမ်ဳိးသမီးတဦးသာ အသက္ရွင္လ်က္ ဘူဆန္ၿမိဳ႕သို႔ ေရာက္သည္။ ဘူဆန္ဘူတာလိုဏ္ေခါင္းတဖက္တြင္ စစ္တပ္စခန္းခ်ထားၿပီး က်ဴးေက်ာ္လာသမွ်ကို စႏိုင္ပါတပ္သားမ်ားက ပစ္ခတ္ရန္ေစာင့္ေနၾကသည္။ ထိုအျဖစ္ အပ်က္မ်ားကို အလြန္စိတ္ဝင္စားေအာင္ ႐ိုက္ျပထားေသာ ႐ုပ္ရွင္ျဖစ္သျဖင့္ ကမၻာေက်ာ္သည္။

Residence Evil ႐ုပ္ရွင္လည္း ထိုနည္းႏွင္ႏွင္ပင္ ျဖစ္သည္။ ဗိုင္းရပ္စ္ပိုးတမ်ဳိးမွ ေရာဂါစတင္ျဖစ္ပြားသည္။ ေလထဲမွတဆင့္ အားလံုးဆီကူးစက္သည္။ ကူးစက္ခံရသူအားလံုး ေသြးစုပ္ဖုတ္ေကာင္ေတြ ျဖစ္ကုန္သည္။ Umbrella Corporation ေခၚသည့္အဖြဲ႕ႀကီးက ထိုေရာဂါကပ္ေဘးတြင္ ပါဝင္ပတ္သက္ေနသည္။ သူတို႔ကေရာဂါေပ်ာက္ေဆးေဖာ္ေရာင္းၿပီး စီးပြားျဖစ္ရန္ႀကံေနသည္။ ဇာတ္လုိက္အမ်ဳိးသမီးက ေသြးစုပ္ဖုတ္ေကာင္ေတြကို လိုက္လံႏွိမ္နင္းသည္။ အေမရိကန္အစိုးရက ပင္လယ္ကူး သေဘၤာႀကီး တစင္းေပၚတြင္ ကယ္ဆယ္ေရးစခန္းဖြင့္ထားသည္။ ေရာဂါေဘးမွလြတ္လာသူမ်ား ပင္လယ္ကူး သေဘၤာႀကီးေပၚမွာ ကယ္ဆယ္ထားၾကသည္။ World War Z ႐ုပ္ရွင္သည္လည္း ဤနည္းႏွင္ႏွင္ပင္။ ဇာတ္ကားတိုင္းသည္ ဗိုင္းရပ္စ္ပိုးႏွင့္စသည္၊ ဖုတ္ေကာင္ေတြအျဖစ္ အသြင္ေျပာင္းသည္။ ေနာက္ဆံုးေတာ့ ကာကြယ္ေဆးေတြ႕ကာ ကမၻာႀကီးကို ကယ္တင္လိုက္ႏိုင္သည္။ ဒီလိုေတြသာ ျဖစ္သည္။

လက္ေတြ႕ကမၻာႀကီးတြင္ေတာ့ ေရာဂါကူးစက္မႈကလည္း ႐ုပ္ရွင္ထဲကေလာက္မျမန္ပါ (႐ုပ္ရွင္ထဲတြင္ စကၠန္႔ေျခာက္ဆယ္ေလာက္အတြင္း ေရာဂါပိုးအျပည့္ အဝကူးစက္ကာ ဖုတ္ေကာင္အျဖစ္ ေျပာင္းလဲသြား သည္)၊ ေရာဂါကူးစက္ခံရသူမ်ားလည္း ေသြးစုပ္ဖုတ္ေကာင္ျဖစ္မသြားပါ။ ႐ုပ္ရွင္ထဲကလိုလည္း ကာကြယ္ေဆး၊ ကုသေဆးမ်ား ရက္ပိုင္းအတြင္း ေတြ႕မသြားၾကပါ။ ကမၻာႀကီးကိုကယ္တင္မည့္ တေယာက္ေကာင္း၊ ႏွစ္ေယာက္ေကာင္း စူပါဟီး႐ိုးမ်ားလည္း လက္ေတြ႕ကမၻာႀကီးမွာမရွိပါ။ တကယ့္လက္ေတြ႕တြင္ လူအမ်ား ၏အသက္ကို ေရွ႕တန္းထြက္၍ စြမ္းစြမ္းတမံခုခံ ကာကြယ္တိုက္ပြဲဝင္ေနသူမ်ားမွာ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ ဓာတ္ခြဲခန္းပညာရွင္မ်ား၊ လူနာသယ္ေဆာင္ေပးသူမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ားသာ ျဖစ္သည္။ ၃၁-၃-၂ဝ၂ဝ ညေန ၆ နာရီက ေဒၚေအာင္ဆန္းစုၾကည္ေျပာခဲ့ေသာ တိုင္းျပည္သို႔ ႐ုပ္သံလႊင့္မိန္႔ခြန္းတြင္ က်န္းမာေရးဝန္ထမ္းေတြကို ေက်းဇူးတင္ေၾကာင္းဆိုေသာ စကားပါသည္မွာ ဝမ္းေျမာက္ဖို႔ေကာင္းသည္။ ေက်းဇူးရွိသူကို ေက်းဇူးသိျခင္းသည္ မဂၤလာျဖစ္သည္။

”လက္ရွိအခ်ိန္မွာ မျပည့္စံုတဲ့ၾကားက စိတ္ဓာတ္ျမင့္ျမင့္မားမားနဲ႔ ေရွ႕တန္းကတိုက္ပြဲဝင္ေနတဲ့ ဆရာဝန္၊ သူနာျပဳ၊ က်န္းမာေရးဝန္ထမ္းေတြကို အထူးေက်းဇူးတင္ေၾကာင္းေျပာခ်င္ပါတယ္”ဟု ေဒၚေအာင္ ဆန္းစုၾကည္က ေျပာခဲ့သည္။ တကယ္လည္း ဟုတ္သည္။ တကယ္တမ္း ကမၻာ႔ကပ္ေဘးႀကီးျဖစ္ေပၚလာ ေသာအခါ ေရွ႕တန္းမွရဲရဲဝံ့ဝံ့ထြက္၍ အသက္ေပးရင္ဆိုင္ၾကသည္မွာ ေဆးေလာကမွ က်န္းမာေရးဝန္ထမ္းမ်ား ျဖစ္သည္။ ေသနတ္ကိုင္သူတို႔သာ တိုင္းျပည္ကိုခ်စ္သည္ ကာကြယ္သည္ မဟုတ္၊ နားၾကပ္ကိုင္ထားသူ၊ ျပဒါးတိုင္ကိုင္ထားသူ၊ ေဆးထိုးအပ္ကိုင္ထားသူ၊ မိုက္က႐ိုစကုပ္မွန္ေျပာင္းကိုၾကည့္ေနသူတို႔သည္လည္း တိုင္းျပည္ကို အသက္ေပးကာကြယ္ေနသူမ်ားျဖစ္ပါသည္ဟု ကမၻာကတန္ဖိုးထားေလးစားမႈကို ျပၾကသည္။ တ႐ုတ္ျပည္တြင္ ဝူဟန္ၿမိဳ႕တြင္ တာဝန္ထမ္းေဆာင္ၿပီးစီး၍ျပန္ၾကေသာ ဆရာဝန္၊ သူနာျပဳ၊ ေဆး ဝန္ထမ္းမ်ားအား တရုတ္လြတ္ေျမာက္ေရး တပ္မေတာ္မွ အရာရွိ၊ အရာခံ၊ အၾကပ္၊ တပ္သားမ်ားက တန္းစီကာ အေလးျပဳႏႈတ္ဆက္ေနၾကေသာ ဓာတ္ပံုကို ၾကည္ႏူးဖြယ္ေတြ႕ရွိရသည္။ လူတို႔၏ တန္ဖိုးကို အျပန္အလွန္ နားလည္တန္ဖိုးထားျခင္းကို ေတြ႕ျမင္ရေပသည္။ အီတလီႏိုင္ငံတြင္ ကိုဗစ္ ၁၉ ေရာဂါကို အနီးကပ္ကုသ ေပးရင္း ေရာဂါကူးစက္ခံထားရသူ ဆရာဝန္၊ သူနာျပဳႏွင့္ေဆးဝန္ထမ္းေထာင္ႏွင့္ခ်ီ၍ရွိၿပီး ထိုအထဲမွ ဆရာဝန္အေယာက္ ၅ဝ ေသဆံုးခဲ့ရၿပီျဖစ္သည္။ အီတလီတြင္ေသဆံုးသူ ေဆးဝန္ထမ္းမ်ားကိုရည္စူး၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုတီးမႈတ္ၿပီး ဂုဏ္ျပဳတာေတြ႕ရေလသည္။

တ႐ုတ္ႏိုင္ငံတြင္လည္း ေဆးဘက္ဆိုင္ရာပုဂၢိဳလ္ အေယာက္ ၃ဝဝဝ ခန္႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံေန ခဲ့ၾကရၿပီး ထိုအထဲမွ ထက္ဝက္ခန္႔မွာ ေရာဂါစတင္ ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕တြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကသူ မ်ားျဖစ္သည္။ စပိန္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိသူ လူနာစုစုေပါင္း၏ ၁၄ ရာခိုင္ႏႈန္းမွာ ေဆး ဘက္ဆိုင္ရာပုဂၢိဳလ္မ်ားျဖစ္သည္။ ျမန္မာျပည္တြင္လည္း ႏွာေခါင္းစည္းေကာင္းေကာင္းမရွိ၊ တကိုယ္ ေရကာကြယ္ေရးဝတ္စံု PPE မျပည့္မစံုျဖင့္ အသက္ကိုရင္းကာကုသေပးေန၊ တာဝန္ထမ္းေဆာင္ေပးေန ရွာေသာ သူနာျပဳဆရာ၊ ဆရာမမ်ား၊ ဆရာဝန္မ်ား၊ ဓာတ္ခြဲခန္းပညာရွင္မ်ားကို ေလးစားမိသလို ေက်းဇူး လည္းတင္မိသည္။ ထိုသူမ်ား၏ေက်းဇူးကို မည္သူသိသိ၊ မသိသိ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က သတိတရျဖင့္ ထည့္သြင္းေျပာၾကားသြားျခင္းကိုလည္း ႏွစ္ေထာင္းအားရျဖစ္မိပါသည္။ တကယ္ေတာ့ ေလာကႀကီးတြင္ ရဲသား၊ စစ္သား၊ တရားသူႀကီး၊ ယာဥ္ထိန္းရဲ၊ မီးသတ္၊ သတင္းေထာက္၊ ဆရာဝန္၊ သူနာျပဳ၊ ဧည့္လမ္းၫႊန္၊ လယ္သမား၊ အလုပ္သမား၊ အင္ဂ်င္နီယာ၊ စာေရးဆရာ၊ ပန္းခ်ီဆရာ၊ ဂီတဆရာ၊ ႏိုင္ငံေရးသမား၊ လႊတ္ေတာ္အမတ္၊ ေစ်းသည္ စသည္ျဖင့္ အလုပ္အကိုင္ေတြကြဲျပားေသာ္လည္း လူတိုင္းမွာ၊ အလုပ္တိုင္းမွာ တန္ဖိုးကိုယ္စီရွိပါသည္။ ေပးဆပ္ရမႈေတြ ကိုယ္စီရွိပါသည္။ တသင္းတဖြဲ႕တည္းကသာ တန္ဖိုးရွိေနေပးဆပ္ေနရသည္မဟုတ္ပါဘဲ အလုပ္အကိုင္နယ္ပယ္အသီးသီးတြင္ က်င္လည္ေနရသမွ် ကိုယ့္က႑ႏွင့္ကိုယ္ ေလာကႀကီးကို အလုပ္အေကြၽးျပဳေနၾကသူမ်ားခ်ည္း ျဖစ္ပါသည္။ ငါတို႔မွ ေတာ္သည္၊ ငါတို႔မွေပးဆပ္သည္ဟု ထင္ေနၾကသူမ်ားသည္ အတၲဥခြံထဲမွ မထြက္ႏိုင္ၾကသူမ်ားသာျဖစ္သည္။

ႏိုင္ငံေတာ္ေရွ႕ခရီးကို လွမ္းေမွ်ာ္ၾကည့္လိုက္ေသာအခါ ပူပင္စရာမ်ားရွိေနသလို၊ အားတက္စရာမ်ားလည္း ရွိပါသည္။ ဧၿပီလသည္ အေရးအႀကီးဆံုးကာလ ျဖစ္ပါသည္။ ဧၿပီတလ ေတာင့္ခံထားလိုက္ႏိုင္လွ်င္ ေမလအတြင္း ေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္မည္ဟု ေမွ်ာ္လင့္ပါသည္။ သူမ်ားႏိုင္ငံေတြတြင္ သိန္းႏွင့္ခ်ီေသာ စသ်ငအငလန ကိုဗစ္ ၁၉ လူနာ မ်ားကို ေတြ႕ေနရခ်ိန္တြင္ ယခု (၁-၄-၂ဝ၂ဝ ေန႔လယ္) အခ်ိန္အထိ ျမန္မာႏိုင္ငံတြင္ ေရာဂါျဖစ္ပြားသူ ၁၅ ဦး၊ ေသဆံုးသူ ၁ ဦးဆိုသည္မွာ အလြန္နည္းပါးေသာ ကူးစက္မႈႏႈန္းျဖစ္ပါသည္။ အေမရိကန္ျပည္ေထာင္စုလို ကမၻာ့ထိပ္တန္းက်န္းမာေရးေစာင့္ေရွာက္မႈရွိေသာ ႏုိင္ငံတြင္ ယခုအခ်ိန္အထိ ေရာဂါျဖစ္ပြားေၾကာင္း ေသခ်ာသူ ၁၈၅ဝဝဝ၊ ေသဆံုးသူ ၄ဝ၅၅ ျဖစ္ပါသည္။ သူမ်ားႏိုင္ငံတြင္ေသတာ၊ ေရာဂါျဖစ္တာ ဝမ္းမသာေသာ္လည္း ထိုသို႔ျဖစ္ေနေသာ အတိုင္းအတာႏွင့္ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနေသာ (ဆယ္ဂဏန္းျဖစ္၊ လူတေယာက္ ႏွစ္ေယာက္ေသ)ဆိုေသာ အျဖစ္ႏွင့္ ႏိႈင္းစာလွ်င္ ကိုယ့္ႏိုင္ငံအေျခအေန ဘယ္ေလာက္ ေကာင္းေနသလဲဆိုတာ နားလည္ႏိုင္မည္ ျဖစ္သည္။ သို႔ေသာ္ အလြန္အမင္းစိုးရိမ္ၿပီး အီတလီလို၊ အိႏၵိယလို Lockdown ခ်ျခင္း အလ်င္စလိုမျပဳသင့္ပါ။ အိမ္ျပင္မထြက္ရ (Lockdown) တြင္ ေကာင္းကြက္ရွိသလို ဆိုးကြက္ေတြလည္း မ်ားစြာရွိပါသည္။ အထူးသျဖင့္ အိႏၵိယတြင္ ဆင္းရဲသားလက္လုပ္လက္စား သိန္းႏွင့္ခ်ီ၍ ဒုကၡေရာက္ခဲ့ၾကပါသည္။ အလုပ္လက္ မဲ့ျဖစ္ျခင္း၊ ဝင္ေငြမရွိသျဖင့္ အိမ္လခမေပးႏိုင္ေသာေၾကာင့္ အိမ္ေပၚမွႏွင္ခ်ခံရျခင္း၊ ထမင္းငတ္ျခင္း၊ ေရဖိုး မီးဖိုးမေပးႏိုင္ၾကေတာ့ျခင္း၊ အိမ္က်ဥ္းက်ဥ္းတြင္ လူအမ်ားစုၿပံဳေနထိုင္ရသျဖင့္ စိတ္ဖိစီးမႈမ်ား၊ အိမ္တြင္း ျပႆနာမ်ားျဖစ္ေပၚလာျခင္းတို႔ေၾကာင့္ ျပႆနာမ်ားစြာတက္ကာ ေနာက္ဆံုးတြင္ အိႏၵိယ၌ Lockdown ခ်ျခင္းကို ျပန္ဖြင့္ေပးလိုက္ရပါသည္။

ခ်မ္းသာေသာႏုိင္ငံမ်ားတြင္ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ၿပီးခ်ိန္တြင္ အစိုးရကအိမ္တိုင္ရာေရာက္ အားလံုးကိုရိကၡာမ်ား ပံုမွန္အိမ္အေရာက္လာေရာက္ ေထာက္ပံ့ပို႔ေဆာင္ေပးၾကပါသည္။ ေပးႏိုင္စြမ္းလည္း ရွိ၊ လုပ္လည္း လုပ္ၾကပါသည္။ အိႏိၵယ၊ ျမန္မာလို ႏိုင္ငံမ်ားတြင္ ထိုသို႔မလုပ္ႏိုင္ပါ။ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ၿပီး အစိုးရက ဘာမွမေထာက္ပံ့လွ်င္ ဒုကၡအႀကီးအက်ယ္ေရာက္ပါမည္။ ေဒၚေအာင္ဆန္းစုၾကည္ကလည္း Lockdown လုပ္မည္ဟုမေျပာဘဲ လိုအပ္လွ်င္အစုလိုက္အၿပံဳလိုက္ မဝင္မထြက္ ရသည့္ေနရာ Community Quarantine သာ အခ်ဳိ႕ေနရာမ်ားတြင္ လုပ္ေကာင္းလုပ္မည္ဟု ေျပာၾကားထားပါသည္။ ထိုအခ်က္ကို ေထာက္ခံပါသည္။ သူမ်ားႏိုင္ငံ Lockdown ခ် ပိတ္ဆို႔တိုင္း ကိုယ့္ႏိုင္ငံက တထပ္တည္းလိုက္လုပ္လို႔မျဖစ္ပါ။ ႏိုင္ငံသားမ်ား၏ စီးပြားေရးအေျခအေနႏွင့္ အသိပညာဗဟုသုတကို ထည့္တြက္ရပါမည္။ ဆင္းရဲသားမ်ား အဆင္ေျပေစႏိုင္ေသာ ေရာဂါထိန္းခ်ဳပ္မႈကို စဥ္းစားသင့္ပါသည္။ ႏိုင္ငံျခားျပန္မ်ား၊ ေရာဂါရွိသူႏွင့္ ပတ္သက္ဆက္စပ္သူမ်ားအား ၁၄ ရက္ ေရာဂါေစာင့္ၾကည့္မႈကိုေတာ့ တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ေစခ်င္ပါ သည္။ ေစာဒကတက္သူ မလုိက္နာသူမ်ားကို ရဲအင္အားသံုး ၿပီး အေရးယူေစခ်င္ပါသည္။ ေဆးဖ်န္းသူကိုေသနတ္ျပၿခိမ္းေျခာက္ျခင္း၊ ေဆးစစ္ခံရန္ေျပာသူကို ျပန္လည္ရန္ျပဳျခင္း၊ သူနာျပဳဆရာမကို ျပန္လည္ရန္ေတြ႕ျခင္း၊ စစ္ေဆးမခံဘဲ ပုန္းေအာင္းေနျခင္း၊ ေဆးစစ္မခံဘဲ ထြက္ေျပးျခင္းတို႔ကို ဥပေဒအရတင္းက်ပ္စြာ ကိုင္တြယ္သင့္ပါသည္။ ၂ဝ၂ဝ မတ္လ ၃ဝ ရက္ ေန႔က အသစ္ဖြဲ႕စည္းလိုက္ေသာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီတြင္ ျပည္ထဲေရးဝန္ႀကီးဌာနဝန္ႀကီးသည္လည္း အတြင္းေရးမွဴး(၂)အျဖစ္ ပါဝင္သည္ျဖစ္ရာ စစ္ေဆးခံရန္ ျငင္းဆန္သူမ်ားကို ရဲအင္အားျဖင့္ ထိထိေရာက္ေရာက္ အေရးယူမည္ဟု ေမွ်ာ္လင့္ရေပသည္။

ဤအျဖစ္မ်ားေက်ာ္လြန္သြားၿပီး ေက်ာင္းသားမ်ား ေက်ာင္းျပန္တက္၊ ေစ်းသည္မ်ား ေစ်းဆုိင္ေတြ ျပန္ဖြင့္ေရာင္း၊ လူေတြလြတ္လြတ္လပ္လပ္သြား၊ ခရီးေတြလြတ္လပ္စြာသြား၊ လူေတြ ခင္မင္မင္မင္ လက္ဆြဲႏႈတ္ဆက္၊ ႐ုပ္ရွင္႐ံုေတြျပန္ဖြင့္၊ တရားပြဲေတြ ျပန္လုပ္၊ ဘုရားပြဲေတြျပန္ဖြင့္၊ လူေတြေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနထိုင္၊ တေယာက္၏အလုပ္ကို အျခားတေယာက္ တဖြဲ႕က သေဘာေပါက္၊ တေယာက္၏ တန္ဖိုးကို တေယာက္က နားလည္ေလးစား၊ တ႐ုတ္ႏုိင္ငံမွာလို စစ္သားေတြက ဆရာဝန္ေတြကိုအေလးျပဳၾကေသာ ေခတ္ႀကီးသို႔ တေန႔ေသာအခါတြင္ ျပန္ေရာက္လာၾကဦးမည္ဟု ယံုၾကည္ေမွ်ာ္လင့္ပါသည္။

သရဝဏ္(ျပည္)

(Unicode)

ရှေ့တန်းထွက်တိုက်နေတဲ့ သူရဲကောင်းအစစ်များ

ထိသည်။ ယခုဖြစ်နေသောကိစ္စသည် လူများစွာကို၊ နယ်ပယ်စုံကိုထိသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မရောက်တာကြာပြီဖြစ်သည့် ဂျာနယ်တိုက်သို့ ရောက်သည်။ ဂျာနယ်၏အယ်ဒီတာချုပ်သည် အပြင်မှပြန်လာပြီး ညည်းတွားနေသည်။

”လက်ဖက်ရည်ဆိုင်တွေပိတ်လိုက်ပြီး ပါဆယ်ပဲရောင်းကြရတော့ လက်ဖက်ရည်ဆိုင်တွေနဲ့တွဲပြီး ဈေးဗန်းခင်းရောင်းတဲ့ဂျာနယ်ဆိုင်တွေလည်း ပိတ်ကုန်ကြရတယ်။ အဲဒါကြောင့် ဂျာနယ်အရောင်းအဝယ်၊ သတင်းစာအရောင်းအဝယ်တွေ တော်တော်ထိခိုက်ကုန်တယ်လို့ ဖြန့်ချိရေးကိုယ်စားလှယ်တွေဆီက သတင်းရခဲ့တယ် ကိုသရဝဏ်ရေ”ဟု ပြောပါသည်။ ထိုသို့ဆိုလျှင် ပိတ်ဆို့မှု ကြာရှည်လာသည်နှင့်အမျှ စာနယ်ဇင်းလောက၏ ရပ်တည်ရေး မရေရာသော အခြေသို့ဆိုက်လာနိုင်ပါသည်။ လောလောဆယ် ကိုဗစ် ၁၉ ရောဂါမဖြစ်မီကပင်လျှင် ပုံနှိပ်မီဒီယာသည် တရှိန်ထိုး ရှေ့တန်းရောက်လာသော အွန်လိုင်းမီဒီယာ၏ ထိုးနှက်မှုကို အလူးအလဲခံနေရချိန် ဖြစ်ပါသည်။ ပုံနှိပ်မီဒီယာသည် လုပ်ငန်းသဘောသဘာဝအရ သတင်းထူးမှုသတင်းဦးမှုတွင် အွန်လိုင်းပေါ်မှ သတင်းများကို ဘယ်လိုမှမယှဉ်နိုင်။ နေ့စဉ်ထုတ် သတင်းစာများသည်ပင်လျှင် အွန်လိုင်းပေါ်မှနောက်ဆုံးသတင်းများထက် ၁၂ နာရီခန့် အမြဲနောက်ကျ နေကြရသည်။

ပုံနှိပ်မီဒီယာ၏ အားသာချက်ကတော့ သတင်းတုလား၊ သတင်းအစစ်လားဆိုတာကို ချင့်ချိန်တိုင်းထွာပြီးမှ အသုံးပြုကြသည်။ သတင်းထက်သတင်းသုံးသပ်ချက် ဆောင်းပါးများ၊ အတွေးအမြင် ဆောင်းပါးများ၊ အင်တာဗျူးများကိုထည့်သွင်း၍ စာဖတ်ပရိသတ်ကို ဖမ်းစားကြသည်။ စာစောင်ရောင်းချရာ မှရသောဝင်ငွေအပြင် ကြော်ငြာထည့်သူများထံမှ ရသောဝင်ငွေကိုလည်း အားထားကြရသည်။ သို့သော် အစိုးရက ပြည်သူ့ဘဏ္ဍာဖြင့် ထုတ်ဝေနေသော နိုင်ငံပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများက ကြော်ငြာအတော်များများကို လက်ဝါးကြီးအုပ်ထားသေးသည်။ ထိုမှ ပို၍လျှံ၍ကျလာသော ကြော်ငြာများကိုမှ သတင်းစာပေါင်းများစွာ၊ ဂျာနယ်ပေါင်းများစွာက ဆင့်ပါးစပ်နှမ်းပက်သလို အလုအယက် မျှဝေယူ ကြရခြင်းဖြစ်သည်။ ထို့ကြောင့် ကိုဗစ် ၁၉ ရောဂါကြောင့်ထိခိုက်နစ်နာသူများကို ကုစားသည့်အနေဖြင့် ဘဏ္ဍာရေးအကူအညီပေးရာတွင် ကုမ္ပဏီများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများကိုသာမက နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းစာ၊ ဂျာနယ်တိုက်များကိုလည်း ဘဏ္ဍာရေးထောက်ပံ့မှု ပေးသင့်လေသည်။
အားကစားသတင်းတပုဒ်တွင်ဖတ်ရသည်မှာ စပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဘောလုံး ပွဲများရပ်နားထားရသည့်အတွက် ဘဏ္ဍာရေးဝင်ငွေ အပြင်းအထန် ထိခိုက်နစ်နာနေသော ဘာစီလိုနာ ဘောလုံးအသင်းမှ ကမ္ဘာကျော်ဘောလုံးသမားမက်ဆီနှင့်အသင်းဖော်များက ခါတိုင်းရနေကျ လုပ်ခလစာထက် ၇ဝ ရာခိုင်နှုန်း လျှော့ယူပေးသည့်သတင်းဖြစ်သည်။ ကျွန်တော်တို့စာရေးဆရာတွေကလည်း ထိုသို့ လျှော့ယူသော်ကောင်းမည်လားဟု တွေးမိပါသည်။ သို့သော် ဘောလုံးအကျော်အမော် မက်ဆီရနေသော လုပ်ခလစာမှာ ရက်သတ္တတပတ်လျှင် ပေါင်ငါးသိန်း ( ၆၁၉,၂ဝ၅ ဒေါ်လာ)ဖြစ်၍ ၇ဝ ရာခိုင်နှုန်းဈေးလျှော့ ပြီးယူလျှင်ပင် တပတ်ကို ပေါင်တသိန်းခွဲ (၁၈၅,၇၆ဝ ဒေါ်လာ)ရရှိဦးမည်ဖြစ်သည်။ ကျွန်ုပ်တို့ စာရေးဆရာ များ၏ ဆောင်းပါးစာမူခမှာ မက်ဆီလျှော့ယူပြီးသား ဒေါ်လာ တသိန်းရှစ်သောင်းငါးထောင်ခုနစ်ရာခြောက် ဆယ်၏ အစွန်းထွက် ဒေါ်လာ ၆ဝ ပင်မရှိရာ စောင့်ကြည့်ဂျာနယ်တိုက်အား ကူညီလိုသော်လည်း မစွမ်းသာပေ။ နောင်ဘဝတွင် ဘောလုံးသမားအဖြစ် အာဂျင်တီးနားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ အင်္ဂလန် နိုင်ငံ၊ စပိန်နိုင်ငံတို့တွင် လူဖြစ်ဖို့ ဆုတောင်းရမလို ဖြစ်နေပေသည်။ သို့သော် ကျွန်ုပ်ကား အားမလျှော့ မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည်ဟု (လွှမ်းတာ မလွှမ်းတာအပထား) ဗိုလ်ချုပ်ခင်ညွန့်ကြွေးကြော်သံ ထုတ်ခဲ့သလို မြန်မာ့စာပေကမ္ဘာကို လွှမ်းသောခေတ်သို့ရောက်ခဲ့ပါမူကား မြန်မာနိုင်ငံ၏ရေးသားထုတ်ဝေ ဖြန့်ချိသောလုပ်ငန်းကြီးတွင် ပါဝင်သူအားလုံး ကိုယ် ပိုင်ဂျက်လေယာဉ်၊ ကိုယ်ပိုင်လုံခြုံရေးအစောင့်၊ ကိုယ် ပိုင်ရဟတ်ယာဉ်များဖြင့် သွားလာနေထိုင်ပါလိမ့်မည် တမုံ့။ ယခုလောလောဆယ်တော့ YBS နှင့်တက္ကစီ တလှည့်စီ အဆင်ပြေသလို ချီတက်နေရပေ၏ (ဤ ကားစကားချပ်)။

ယခုဖြစ်ရပ်များကို ကြုံရသောအခါ ကြည့်ခဲ့ဖူးသော ရုပ်ရှင်များကို သတိရမိ၏။ အနုပညာလက်ရာဝတ္ထုများ၊ စိတ်ကူးယဉ်ရုပ်ရှင်တို့သည် ဖြစ်လတ္တံ့သော ကာလများကို ကြိုတင်နိမိတ်ပြနေသလိုရှိတတ်၏။ Train to Busan ဆိုသော ရုပ်ရှင်၊ Residence Evil ဆိုသော ရုပ်ရှင်၊ ဘရက်ပစ်ပါဝင်သော World War Z ဆိုသော ရုပ်ရှင်များ၊ Zombie ဆိုသော ရုပ်ရှင်များမှာ ကပ်ရောဂါကြောင့် ကမ္ဘာပျက်ရပုံကို သာသာထိုးထိုး ဇာတ်နာအောင်ရိုက်ပြထားသော ဇာတ်ကားများဖြစ်သည်။ ၂ဝ၁၆ ခုက ထွက်လာခဲ့သော ဘူဆန်သို့ရထား (Train to Busan) ကိုရီးယားရုပ်ရှင်ကတော့ ကမ္ဘာကျော်သွားသည်။ တောင်ကိုရီးယားနိုင်ငံကို အခြေခံရိုက်ကူးထားသော ထိတ်လန့်သည်းဖိုဇာတ်ကား ဖြစ်သည်။ အလွန်အလုပ်များပြီး သမီးလေးအတွက် အချိန်မပေးနိုင်လောက်အောင်ဖြစ်နေသော ဖခင်ဖြစ်သူ (Sok-woo) သည် ထိုနေ့က သမီးလေး ဖြစ်သူ (Soo-ahn) ဖြစ်သူအား သူ၏ဇနီးဟောင်းဖြစ် သူ(ကလေး၏မိခင်) ဖြစ်သူထံသို့ လိုက်ပို့ရန် ဆိုးလ်မြို့မှ ဘူဆန်မြို့သို့ ရထားဖြင့်ထွက်လာသည်။ ရထားထွက်ခါနီးတွင် နေမကောင်းသော အမျိုးသမီးငယ် တယောက်ရထားပေါ်သို့ ပြေးတက်လာသည်။ သူ့ကို ဘယ်သူမှသတိမထားမိ။ သို့သော် မကြာမီတွင် ထိုနေ မကောင်းသောမိန်းကလေးသည် ဗိုင်းရပ်စ်တမျိုးကူးစက်ခံရမှုကြောင့် သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်း လဲသွားသည်။ တောင်ကိုရီးယားတနိုင်ငံလုံး ထိုဗိုင်းရပ်စ်ပိုးပျံ့နှံ့သွားကာ အားလုံး ကသောင်းကနင်းဖြစ် ကုန်သည်။ လမ်းပေါ်မှ လူအများစု ရောဂါကူးစက်ခံရကာ ဖုတ်ကောင်တွေဖြစ်ကုန်သည်။ ထိုအခါ ရထားကို ဘူတာရုံတွင်မရပ်တော့ဘဲ ဘူဆန်းသို့ ဆက်သွားကြသည်။ သို့သော် အရှေ့ဒေဂူးဘူတာရုံတွင် ရထား လမ်းပိတ်နေသဖြင့် အခြားရထားကိုရှာပြီး စီးရသည်။ ရထားပေါ်ရှိ လူကောင်းများ တယောက်ပြီးတယောက် ဖုတ်ကောင်များတိုက်ခိုက်ခံရကာ ဗိုင်းရပ်စ်ကူးစက်ပြီး အသွင်ပြောင်းကုန်သည်။ နောက်ဆုံးတွင် ကလေး မလေးဆိုအန်းနှင့် ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတဦးသာ အသက်ရှင်လျက် ဘူဆန်မြို့သို့ ရောက်သည်။ ဘူဆန်ဘူတာလိုဏ်ခေါင်းတဖက်တွင် စစ်တပ်စခန်းချထားပြီး ကျူးကျော်လာသမျှကို စနိုင်ပါတပ်သားများက ပစ်ခတ်ရန်စောင့်နေကြသည်။ ထိုအဖြစ် အပျက်များကို အလွန်စိတ်ဝင်စားအောင် ရိုက်ပြထားသော ရုပ်ရှင်ဖြစ်သဖြင့် ကမ္ဘာကျော်သည်။

Residence Evil ရုပ်ရှင်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။ ဗိုင်းရပ်စ်ပိုးတမျိုးမှ ရောဂါစတင်ဖြစ်ပွားသည်။ လေထဲမှတဆင့် အားလုံးဆီကူးစက်သည်။ ကူးစက်ခံရသူအားလုံး သွေးစုပ်ဖုတ်ကောင်တွေ ဖြစ်ကုန်သည်။ Umbrella Corporation ခေါ်သည့်အဖွဲ့ကြီးက ထိုရောဂါကပ်ဘေးတွင် ပါဝင်ပတ်သက်နေသည်။ သူတို့ကရောဂါပျောက်ဆေးဖော်ရောင်းပြီး စီးပွားဖြစ်ရန်ကြံနေသည်။ ဇာတ်လိုက်အမျိုးသမီးက သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံနှိမ်နင်းသည်။ အမေရိကန်အစိုးရက ပင်လယ်ကူး သင်္ဘောကြီး တစင်းပေါ်တွင် ကယ်ဆယ်ရေးစခန်းဖွင့်ထားသည်။ ရောဂါဘေးမှလွတ်လာသူများ ပင်လယ်ကူး သင်္ဘောကြီးပေါ်မှာ ကယ်ဆယ်ထားကြသည်။ World War Z ရုပ်ရှင်သည်လည်း ဤနည်းနှင်နှင်ပင်။ ဇာတ်ကားတိုင်းသည် ဗိုင်းရပ်စ်ပိုးနှင့်စသည်၊ ဖုတ်ကောင်တွေအဖြစ် အသွင်ပြောင်းသည်။ နောက်ဆုံးတော့ ကာကွယ်ဆေးတွေ့ကာ ကမ္ဘာကြီးကို ကယ်တင်လိုက်နိုင်သည်။ ဒီလိုတွေသာ ဖြစ်သည်။

လက်တွေ့ကမ္ဘာကြီးတွင်တော့ ရောဂါကူးစက်မှုကလည်း ရုပ်ရှင်ထဲကလောက်မမြန်ပါ (ရုပ်ရှင်ထဲတွင် စက္ကန့်ခြောက်ဆယ်လောက်အတွင်း ရောဂါပိုးအပြည့် အဝကူးစက်ကာ ဖုတ်ကောင်အဖြစ် ပြောင်းလဲသွား သည်)၊ ရောဂါကူးစက်ခံရသူများလည်း သွေးစုပ်ဖုတ်ကောင်ဖြစ်မသွားပါ။ ရုပ်ရှင်ထဲကလိုလည်း ကာကွယ်ဆေး၊ ကုသဆေးများ ရက်ပိုင်းအတွင်း တွေ့မသွားကြပါ။ ကမ္ဘာကြီးကိုကယ်တင်မည့် တယောက်ကောင်း၊ နှစ်ယောက်ကောင်း စူပါဟီးရိုးများလည်း လက်တွေ့ကမ္ဘာကြီးမှာမရှိပါ။ တကယ့်လက်တွေ့တွင် လူအများ ၏အသက်ကို ရှေ့တန်းထွက်၍ စွမ်းစွမ်းတမံခုခံ ကာကွယ်တိုက်ပွဲဝင်နေသူများမှာ ဆရာဝန်များ၊ သူနာပြုများ၊ ဓာတ်ခွဲခန်းပညာရှင်များ၊ လူနာသယ်ဆောင်ပေးသူများ၊ ကျန်းမာရေးဝန်ထမ်းများသာ ဖြစ်သည်။ ၃၁-၃-၂ဝ၂ဝ ညနေ ၆ နာရီက ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သော တိုင်းပြည်သို့ ရုပ်သံလွှင့်မိန့်ခွန်းတွင် ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်းဆိုသော စကားပါသည်မှာ ဝမ်းမြောက်ဖို့ကောင်းသည်။ ကျေးဇူးရှိသူကို ကျေးဇူးသိခြင်းသည် မင်္ဂလာဖြစ်သည်။

”လက်ရှိအချိန်မှာ မပြည့်စုံတဲ့ကြားက စိတ်ဓာတ်မြင့်မြင့်မားမားနဲ့ ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောခဲ့သည်။ တကယ်လည်း ဟုတ်သည်။ တကယ်တမ်း ကမ္ဘာ့ကပ်ဘေးကြီးဖြစ်ပေါ်လာ သောအခါ ရှေ့တန်းမှရဲရဲဝံ့ဝံ့ထွက်၍ အသက်ပေးရင်ဆိုင်ကြသည်မှာ ဆေးလောကမှ ကျန်းမာရေးဝန်ထမ်းများ ဖြစ်သည်။ သေနတ်ကိုင်သူတို့သာ တိုင်းပြည်ကိုချစ်သည် ကာကွယ်သည် မဟုတ်၊ နားကြပ်ကိုင်ထားသူ၊ ပြဒါးတိုင်ကိုင်ထားသူ၊ ဆေးထိုးအပ်ကိုင်ထားသူ၊ မိုက်ကရိုစကုပ်မှန်ပြောင်းကိုကြည့်နေသူတို့သည်လည်း တိုင်းပြည်ကို အသက်ပေးကာကွယ်နေသူများဖြစ်ပါသည်ဟု ကမ္ဘာကတန်ဖိုးထားလေးစားမှုကို ပြကြသည်။ တရုတ်ပြည်တွင် ဝူဟန်မြို့တွင် တာဝန်ထမ်းဆောင်ပြီးစီး၍ပြန်ကြသော ဆရာဝန်၊ သူနာပြု၊ ဆေး ဝန်ထမ်းများအား တရုတ်လွတ်မြောက်ရေး တပ်မတော်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများက တန်းစီကာ အလေးပြုနှုတ်ဆက်နေကြသော ဓာတ်ပုံကို ကြည်နူးဖွယ်တွေ့ရှိရသည်။ လူတို့၏ တန်ဖိုးကို အပြန်အလှန် နားလည်တန်ဖိုးထားခြင်းကို တွေ့မြင်ရပေသည်။ အီတလီနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါကို အနီးကပ်ကုသ ပေးရင်း ရောဂါကူးစက်ခံထားရသူ ဆရာဝန်၊ သူနာပြုနှင့်ဆေးဝန်ထမ်းထောင်နှင့်ချီ၍ရှိပြီး ထိုအထဲမှ ဆရာဝန်အယောက် ၅ဝ သေဆုံးခဲ့ရပြီဖြစ်သည်။ အီတလီတွင်သေဆုံးသူ ဆေးဝန်ထမ်းများကိုရည်စူး၍ နိုင်ငံတော်သီချင်းသီဆိုတီးမှုတ်ပြီး ဂုဏ်ပြုတာတွေ့ရလေသည်။

တရုတ်နိုင်ငံတွင်လည်း ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ် အယောက် ၃ဝဝဝ ခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေ ခဲ့ကြရပြီး ထိုအထဲမှ ထက်ဝက်ခန့်မှာ ရောဂါစတင် ဖြစ်ပွားရာ ဝူဟန်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူ များဖြစ်သည်။ စပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ လူနာစုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းမှာ ဆေး ဘက်ဆိုင်ရာပုဂ္ဂိုလ်များဖြစ်သည်။ မြန်မာပြည်တွင်လည်း နှာခေါင်းစည်းကောင်းကောင်းမရှိ၊ တကိုယ် ရေကာကွယ်ရေးဝတ်စုံ PPE မပြည့်မစုံဖြင့် အသက်ကိုရင်းကာကုသပေးနေ၊ တာဝန်ထမ်းဆောင်ပေးနေ ရှာသော သူနာပြုဆရာ၊ ဆရာမများ၊ ဆရာဝန်များ၊ ဓာတ်ခွဲခန်းပညာရှင်များကို လေးစားမိသလို ကျေးဇူး လည်းတင်မိသည်။ ထိုသူများ၏ကျေးဇူးကို မည်သူသိသိ၊ မသိသိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သတိတရဖြင့် ထည့်သွင်းပြောကြားသွားခြင်းကိုလည်း နှစ်ထောင်းအားရဖြစ်မိပါသည်။ တကယ်တော့ လောကကြီးတွင် ရဲသား၊ စစ်သား၊ တရားသူကြီး၊ ယာဉ်ထိန်းရဲ၊ မီးသတ်၊ သတင်းထောက်၊ ဆရာဝန်၊ သူနာပြု၊ ဧည့်လမ်းညွှန်၊ လယ်သမား၊ အလုပ်သမား၊ အင်ဂျင်နီယာ၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ဂီတဆရာ၊ နိုင်ငံရေးသမား၊ လွှတ်တော်အမတ်၊ ဈေးသည် စသည်ဖြင့် အလုပ်အကိုင်တွေကွဲပြားသော်လည်း လူတိုင်းမှာ၊ အလုပ်တိုင်းမှာ တန်ဖိုးကိုယ်စီရှိပါသည်။ ပေးဆပ်ရမှုတွေ ကိုယ်စီရှိပါသည်။ တသင်းတဖွဲ့တည်းကသာ တန်ဖိုးရှိနေပေးဆပ်နေရသည်မဟုတ်ပါဘဲ အလုပ်အကိုင်နယ်ပယ်အသီးသီးတွင် ကျင်လည်နေရသမျှ ကိုယ့်ကဏ္ဍနှင့်ကိုယ် လောကကြီးကို အလုပ်အကျွေးပြုနေကြသူများချည်း ဖြစ်ပါသည်။ ငါတို့မှ တော်သည်၊ ငါတို့မှပေးဆပ်သည်ဟု ထင်နေကြသူများသည် အတ္တဥခွံထဲမှ မထွက်နိုင်ကြသူများသာဖြစ်သည်။

နိုင်ငံတော်ရှေ့ခရီးကို လှမ်းမျှော်ကြည့်လိုက်သောအခါ ပူပင်စရာများရှိနေသလို၊ အားတက်စရာများလည်း ရှိပါသည်။ ဧပြီလသည် အရေးအကြီးဆုံးကာလ ဖြစ်ပါသည်။ ဧပြီတလ တောင့်ခံထားလိုက်နိုင်လျှင် မေလအတွင်း ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ပါသည်။ သူများနိုင်ငံတွေတွင် သိန်းနှင့်ချီသော စသျငအငလန ကိုဗစ် ၁၉ လူနာ များကို တွေ့နေရချိန်တွင် ယခု (၁-၄-၂ဝ၂ဝ နေ့လယ်) အချိန်အထိ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၁၅ ဦး၊ သေဆုံးသူ ၁ ဦးဆိုသည်မှာ အလွန်နည်းပါးသော ကူးစက်မှုနှုန်းဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုလို ကမ္ဘာ့ထိပ်တန်းကျန်းမာရေးစောင့်ရှောက်မှုရှိသော နိုင်ငံတွင် ယခုအချိန်အထိ ရောဂါဖြစ်ပွားကြောင်း သေချာသူ ၁၈၅ဝဝဝ၊ သေဆုံးသူ ၄ဝ၅၅ ဖြစ်ပါသည်။ သူများနိုင်ငံတွင်သေတာ၊ ရောဂါဖြစ်တာ ဝမ်းမသာသော်လည်း ထိုသို့ဖြစ်နေသော အတိုင်းအတာနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော (ဆယ်ဂဏန်းဖြစ်၊ လူတယောက် နှစ်ယောက်သေ)ဆိုသော အဖြစ်နှင့် နှိုင်းစာလျှင် ကိုယ့်နိုင်ငံအခြေအနေ ဘယ်လောက် ကောင်းနေသလဲဆိုတာ နားလည်နိုင်မည် ဖြစ်သည်။ သို့သော် အလွန်အမင်းစိုးရိမ်ပြီး အီတလီလို၊ အိန္ဒိယလို Lockdown ချခြင်း အလျင်စလိုမပြုသင့်ပါ။ အိမ်ပြင်မထွက်ရ (Lockdown) တွင် ကောင်းကွက်ရှိသလို ဆိုးကွက်တွေလည်း များစွာရှိပါသည်။ အထူးသဖြင့် အိန္ဒိယတွင် ဆင်းရဲသားလက်လုပ်လက်စား သိန်းနှင့်ချီ၍ ဒုက္ခရောက်ခဲ့ကြပါသည်။ အလုပ်လက် မဲ့ဖြစ်ခြင်း၊ ဝင်ငွေမရှိသဖြင့် အိမ်လခမပေးနိုင်သောကြောင့် အိမ်ပေါ်မှနှင်ချခံရခြင်း၊ ထမင်းငတ်ခြင်း၊ ရေဖိုး မီးဖိုးမပေးနိုင်ကြတော့ခြင်း၊ အိမ်ကျဉ်းကျဉ်းတွင် လူအများစုပြုံနေထိုင်ရသဖြင့် စိတ်ဖိစီးမှုများ၊ အိမ်တွင်း ပြဿနာများဖြစ်ပေါ်လာခြင်းတို့ကြောင့် ပြဿနာများစွာတက်ကာ နောက်ဆုံးတွင် အိန္ဒိယ၌ Lockdown ချခြင်းကို ပြန်ဖွင့်ပေးလိုက်ရပါသည်။

ချမ်းသာသောနိုင်ငံများတွင် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြီးချိန်တွင် အစိုးရကအိမ်တိုင်ရာရောက် အားလုံးကိုရိက္ခာများ ပုံမှန်အိမ်အရောက်လာရောက် ထောက်ပံ့ပို့ဆောင်ပေးကြပါသည်။ ပေးနိုင်စွမ်းလည်း ရှိ၊ လုပ်လည်း လုပ်ကြပါသည်။ အိန္ဒိယ၊ မြန်မာလို နိုင်ငံများတွင် ထိုသို့မလုပ်နိုင်ပါ။ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြီး အစိုးရက ဘာမှမထောက်ပံ့လျှင် ဒုက္ခအကြီးအကျယ်ရောက်ပါမည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း Lockdown လုပ်မည်ဟုမပြောဘဲ လိုအပ်လျှင်အစုလိုက်အပြုံလိုက် မဝင်မထွက် ရသည့်နေရာ Community Quarantine သာ အချို့နေရာများတွင် လုပ်ကောင်းလုပ်မည်ဟု ပြောကြားထားပါသည်။ ထိုအချက်ကို ထောက်ခံပါသည်။ သူများနိုင်ငံ Lockdown ချ ပိတ်ဆို့တိုင်း ကိုယ့်နိုင်ငံက တထပ်တည်းလိုက်လုပ်လို့မဖြစ်ပါ။ နိုင်ငံသားများ၏ စီးပွားရေးအခြေအနေနှင့် အသိပညာဗဟုသုတကို ထည့်တွက်ရပါမည်။ ဆင်းရဲသားများ အဆင်ပြေစေနိုင်သော ရောဂါထိန်းချုပ်မှုကို စဉ်းစားသင့်ပါသည်။ နိုင်ငံခြားပြန်များ၊ ရောဂါရှိသူနှင့် ပတ်သက်ဆက်စပ်သူများအား ၁၄ ရက် ရောဂါစောင့်ကြည့်မှုကိုတော့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်စေချင်ပါ သည်။ စောဒကတက်သူ မလိုက်နာသူများကို ရဲအင်အားသုံး ပြီး အရေးယူစေချင်ပါသည်။ ဆေးဖျန်းသူကိုသေနတ်ပြခြိမ်းခြောက်ခြင်း၊ ဆေးစစ်ခံရန်ပြောသူကို ပြန်လည်ရန်ပြုခြင်း၊ သူနာပြုဆရာမကို ပြန်လည်ရန်တွေ့ခြင်း၊ စစ်ဆေးမခံဘဲ ပုန်းအောင်းနေခြင်း၊ ဆေးစစ်မခံဘဲ ထွက်ပြေးခြင်းတို့ကို ဥပဒေအရတင်းကျပ်စွာ ကိုင်တွယ်သင့်ပါသည်။ ၂ဝ၂ဝ မတ်လ ၃ဝ ရက် နေ့က အသစ်ဖွဲ့စည်းလိုက်သော ကိုရိုနာဗိုင်းရပ်စ် ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးသည်လည်း အတွင်းရေးမှူး(၂)အဖြစ် ပါဝင်သည်ဖြစ်ရာ စစ်ဆေးခံရန် ငြင်းဆန်သူများကို ရဲအင်အားဖြင့် ထိထိရောက်ရောက် အရေးယူမည်ဟု မျှော်လင့်ရပေသည်။

ဤအဖြစ်များကျော်လွန်သွားပြီး ကျောင်းသားများ ကျောင်းပြန်တက်၊ ဈေးသည်များ ဈေးဆိုင်တွေ ပြန်ဖွင့်ရောင်း၊ လူတွေလွတ်လွတ်လပ်လပ်သွား၊ ခရီးတွေလွတ်လပ်စွာသွား၊ လူတွေ ခင်မင်မင်မင် လက်ဆွဲနှုတ်ဆက်၊ ရုပ်ရှင်ရုံတွေပြန်ဖွင့်၊ တရားပွဲတွေ ပြန်လုပ်၊ ဘုရားပွဲတွေပြန်ဖွင့်၊ လူတွေပျော်ပျော်ရွှင်ရွှင် နေထိုင်၊ တယောက်၏အလုပ်ကို အခြားတယောက် တဖွဲ့က သဘောပေါက်၊ တယောက်၏ တန်ဖိုးကို တယောက်က နားလည်လေးစား၊ တရုတ်နိုင်ငံမှာလို စစ်သားတွေက ဆရာဝန်တွေကိုအလေးပြုကြသော ခေတ်ကြီးသို့ တနေ့သောအခါတွင် ပြန်ရောက်လာကြဦးမည်ဟု ယုံကြည်မျှော်လင့်ပါသည်။

သရဝဏ်(ပြည်)

0 Shares

Leave a Reply

Your email address will not be published. Required fields are marked *