
Coronavirus COVID-19










(Unicode)

၄၈ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်တဲ့ဆေး

Daily Mail မှာ စတွေ့တဲ့ဒီသတင်းကို သေချာအောင် အခြားသတင်းရင်းမြစ်တွေကိုလိုက်ရှာကြည့်တဲ့အခါမှာတော့ သြစတြေးလျသတင်းဝဘ်ဆိုဒ်တွေဖြစ်တဲ့ News Com Au နဲ့ 7News တို့အပြင် မူရင်းဖြစ်တဲ့ Monash တက္ကသိုလ်ရဲ့ဝဘ်ဆိုဒ်မှာပါ တင်ထားတာတွေ့တဲ့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

တကမ္ဘာလုံးမှာ အလွယ်တကူရရှိနိုင်တဲ့ ကပ်ပါးပိုးတိုက်ဖျက်ရေးဆေးဝါးတမျိုးဟာ SARS-CoV-2 (COVID-19)ဗိုင်းရပ်စ်ကို ၄၈ နာရီအတွင်း သတ်နိုင်ခဲ့ကြောင်း ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီသုတေသနလေ့လာမှုကို သြစတြေးလျ မဲဘုန်းလ်မြို့မှာရှိတဲ့ Monash တက္ကသိုလ်က ဦးဆောင်စမ်းသပ်ခဲ့တာဖြစ်ပြီး Ivermectin လို့ခေါ်တဲ့ ဒီဆေးဟာ ၄၈ နာရီအတွင်း SARS-CoV-2 ဗိုင်းရပ်စ် ဆဲလ်ကြီးထွားစေခြင်းကို ရပ်တန့်စေနိုင်‌ကြောင်းတွေ့ရှိခဲ့ရပါတယ်။

” ဆေး ၁လုံးတည်းနဲ့ပင် ဗိုင်းရပ်စ် RNA အားလုံး(ဗိုင်းရပ်စ်ရဲ့မျိုးရိုးဗီဇပစ္စည်းများကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ခဲ့သည်) ကို ၄၈နာရီတွင် ဖယ်ရှားပေးနိုင်ခဲ့ပြီး ၊ ၂၄နာရီမှာတောင် ဒီဆေးဟာ အမှန်တကယ် သိသာစွာလျော့ချနိုင်ကြောင်း ကျွန်မတို့တွေ့ခဲ့ကြပါတယ်” လို့ Monash ဇီဝဆေးရှာဖွေရေး Institute မှ ဒေါက်တာ Kylie Wagstaff က ပြီးခဲ့တဲ့သောကြာ(ဧပြီ၃) နေ့က ပြောကြားခဲ့ပါတယ်။

Ivermectin ဆိုတဲ့ ဒီဆေးဟာ ဗိုင်းရပ်စ်ရဲ့ host ဆဲလ်များ၏ရှင်းလင်းနိုင်စွမ်းအားနှေးကွေးစေပြီး ဒီဆေးရဲ့ ဗိုင်းရပ်စ်ပေါ်မှာ ဘယ်ပုံဘယ်နည်းအလုပ်လုပ်သလဲဆိုတာကိုတော့ မသိရသေးပါဘူး။

နောက်တဆင့်အနေနဲ့ သိပ္ပံပညာရှင်တွေဟာ လူတွေသောက်သုံးသင်တဲ့မှန်ကန်တဲ့ ပမာဏကို ဆုံးဖြတ်ဖို့ နဲ့ လူသားတို့အတွက် အသုံးပြုတဲ့နေရာမှာ အန္တရာယ်ကင်းစေဖို့ လုပ်ဆောင်ကြမှာဖြစ်ပါတယ်။

တကမ္ဘာလုံး ကူးစက်ရောဂါကပ်ဘေးနဲ့ ကြုံနေရပေမယ့် ဒီရောဂါအတွက် တိတိကျကျကုသတဲ့ဆေးမရှိသေးပါဘူး။ ကျွန်တော်တို့ဒီဆေးကို ထပ်မံစမ်းသပ်ပြီးအောင်မြင်ခဲ့လျင်တော့ ကမ္ဘာအနှံ့ကလူသားတွေအတွက် မကြာမီအကူအညီဖြစ်စေတော့မှာပါ လို့ ဒေါက်တာ Wagstaff က ထပ်ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမပေါ်သေးခင်မှာ တော့ ဒီနည်းလမ်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ပြန်လည်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ လောလောဆယ်တော့ pre-clinical testing နဲ့ clinical trials တို့လို ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေအတွက် funding လိုနေပါသေးတယ်။

Ivermectin ဆေးဟာ FDA က အသိအမှတ်ပြုကပ်ပါးပိုးတိုက်ဖျက်ရေးဆေးတမျိုးဖြစ်ကာ HIV, သွေးလွန်တုပ်ကွေး၊ influenza နဲ့ Zika ဗိုင်းရပ်စ်တို့အတွက်လည်း အလုပ်လုပ်တယ်လို့ သိရပါတယ်။ ပထမဆုံးအနေနဲ့ လူသားတွေနဲ့ စမ်းသပ်မှုပြုလုပ်ဖို့အတွက် အနည်းဆုံး ၁လလောက်တော့ ကြာဦးမယ်လို့သိရပါတယ်။

https://www.monash.edu/?fbclid=IwAR2J8rn_27j1gBgjkjz7edOEwSByov1mOi5ztpv0yMcrXTeXerArUuIIo8g

0 Shares

Leave a Reply

Your email address will not be published. Required fields are marked *